Sunday 17 February 2013

DAM 999

မနေ့ညက DAM 999 ရုပ်ရှင်ကားကြည့်ဖြစ်တယ်။
ဒီရုပ်ရှင်ကားကိုကြည့်ပြီး မြစ်ဆုံစီမံကိန်း အကောင်ထည်မဖော်ဖြစ်တာ သက်ပြင်းချမိတယ်။
နျူကလီးယားဗုံးထက်ပိုကြောက်ဖို့ကောင်းတဲ့အရာဟာ ရေကာတာ ဆည်တမံကြီးတွေပဲ၊
ဇာတ်ကားထဲမှာပြောတဲ့ " မင်းက အပေါက်သေးသေးကိုစိတ်ပူပြီးကြောက်နေတာလား ဆည်အဟောင်းတွေမှာသွားကြည့် အပေါက်တွေပွလို့ " တဲ့.............. :(
နောက်ပြီး သူတို့ဒေသ သူတို့အရပ်မှာလည်း လာဘ်စားမှုကိုတွေ့ရတယ်။ ဆည်ကိုတည်ဆောက်တဲ့ အင်ဂျီနီယာကိုယ်တိုင် နောက်ဆုံးဝန်ခံပြီး အမှားကိုသိပေမယ့် အရာရာနောက်ကျသွားခဲ့တဲ့ဖြစ်ရပ်မျိုး ငါတို့တွေမကြုံချင်ဘူး။ သို့ပေမယ့်လည်းလေ............ကံကြမ္မာက သူ့ဟာသူ ဖန်တီးခဲ့ပြီးသားမို့.............
ဆုတောင်းနေယုံကလွဲလို့ ဘာမှမတတ်နိုင်ပါဘူးလေ............

No comments:

Post a Comment