Sunday 17 February 2013

" ခါတပေါင်း "

" ခါတပေါင်း "

ဂိမှန်အတာ လေယဉ်လွင့်ချိန်မို့

မိန်ပြန်ခါ နွေတွင်ပွင့်ရှာကြ
ရွှေအင်ကြင်းငယ်တို့ ရိုးတံနီ။

ခါတပေါင်း ရွက်ဟောင်း အကုန်ကြွေလို့ စုံခြေမှာရော်ဝါရင့်တာက
ကြုံလေနော် ပေါ်လာပွင့်တယ် ပန်းမင်းသရဖီ။

ဥတ္တရာ ဗွေဘုံလမ်းဆီက ကြယ်ပြုဗ္ဗာ ငွေယုန်နန်းဆီသို့
စန်းပြည့်ပြည့်ယှဉ်ခါမှီ ဗာဟီရယ်က အပြောင်း။

နွေချိန်ခါ ငွေမိလ္လာ ပြာရီရောပါလို့
ဥသြဖိုတွန်သံကြည်တော့
သောတာပန် မဟာထေရ်တို့တောင် မဆည်နိုင် မျက်ရည်စို့ရှာလိမ့်
အဘိညာဉ် ဈာန်ယာဉ်ကြို့ ပါလို့ နယ်ရှစ်ခွင် မြူခြည်ဆို့တယ်
လွမ်းဖို့တပေါင်း...............။


ဦးပုည

No comments:

Post a Comment