Thursday 21 February 2013

ဗံဒါ

တစ်နှစ်မှာ၃ကြိမ်တိတိကြွေတဲ့ ရွက်ကြွေ
နွေကုန်ရင်လည်းကြွေ
မိုးကုန်ရင်လည်းကြွေ
ဆောင်းကုန်ရင်လည်းကြွေ
ကြွေသလောက်လည်းဝေ
ကြွေပြီးရင်လည်းဝေ
ဝေပြီးတော့ ..............................
.
.
.
ထပ်ကြွေမယ့် ဗံဒါ
အမြဲကြွေပြီး အမြဲဝေမယ့် ဗံဒါ
ပင်ပျို ပင်လတ် ပင်အို အယုတ်အလတ်အမြတ်မရွေး ကြွေဝေမယ့် ဗံဒါ
ကြွေပါ ဝေပါ
ဝေပါ ကြွေပါ ။      ။

No comments:

Post a Comment