Thursday 21 February 2013

တပေါင်းမိုး

တပေါင်းမိုး

မိုးမင့်နတ်စည် မြည်ပင်မြည်လည်း
မမြည်ဝံ့ဝံ့ မြည်ဝံ့ဝံ့နှင့်
ရွံလျက်သာလျှင် တိုးတိုးပင်တည့်။

မိုးမင့်ဒေ၀ါ ရွာပြန်ပါလည်း
မရွာဝံ့ဝံ့ ရွာဝံ့ဝံ့နှင့်
ရွံလျက်သာလျှင် ဖွဲဖွဲပင်တည့် ။

မိုးသံမပီ မိုးမပီသည့်
အတည်မကျ နွေဦးလတွင်
ပွင့်ကြ၀ါရွှေ မိုးပေါက်ခြွေ၍
မြေခပြန့်ကျင်း ငုပန်းခင်းကို
ရှုရင်းငါ့ဝယ် အသွယ်သွယ်တည့်
ဘယ်ဆီလွမ်းမိ တပ်မသိ။

ဇော်ဂျီ


No comments:

Post a Comment