Tuesday 29 May 2012

I'm so Afraid.........now.

“ ပုဂံမြို့ ဟောင်းနှင့် ကျွန်တော် ” တဲ့.................... ။
ကျွန်မကို တော်တော်အခက်တွေ့စေတဲ့ စာတမ်းငယ်တစ်စောင် ။ ရေးသူကတော့ လေးစားချစ်ကြည်ညိုရသော ဆရာဇော်ဂျီ ......။ ရသစာတမ်းငယ် ဆိုတဲ့ တန်ဖိုးဘယ်လောက်ကြီးလည်း သူ့ရဲ့  ရသ ကဘယ်လိုလည်းဆိုတာ ထိတွေ့ပေးခဲ့သူက မြန်မာစာဌာနက ဆရာဦးသီဟ ။ ဒဿသီဟ လို့ အမည်တွင်သူ ။

ချစ်ခင်ကြောက်ရွံလေးစားရသူတွေက ပုဂံမြို့ ဟောင်းနှင့်တကွ ကြည်ညိုစရာ ကြည်နူးစရာ တန်ဖိုးထားစရာတွေကို နှစ်သက်တန်ဖိုးထားတတ်အောင် ပဲ့ပြင်လမ်းပြပေးခဲ့လို့ ရင်ထဲအသည်းနှလုံးထဲမှာ ပုဂံဆိုတဲ့ အမြုတေတစ်လုံး ကိန်းအောင်းခဲ့တာကြာပါပြီ......။ ကျွန်မရဲ့ အမြုတေဟာ ကြီးကျယ်ခမ်းနားလွန်းလို့ ဘယ်အရာနဲ့မှ တန်ဖိုးဖြတ်လို့မရခဲ့တဲ့အရာပါ ။

အခု.......ဒီအမြုတေ အသည်းနှလုံးကို တဖန်ပြန်လည်လက်ဆင့်ကမ်း ရတော့မယ် ......။ လက်ဆင့်ကမ်းပြီးလက်ခံရမယ့်သူ ၊ လက်ခံပြီးသိမ်းဆည်းထားမည့်သူတွေက ကိုယ့်လို အမြုတေအဖြစ် တန်ဖိုးထားထိန်းသိမ်းနိုင့်ပါ့မလား .........လို့ ကျွန်မတွေးတောရင်းနဲ့ ဒီသင်ခန်းစာကို လက်ဆင့်ကမ်းမပေးရဲဘူးဖြစ်နေတယ် ....... ။ ရှင်းရှင်းပြောရရင် ကျွန်မကြောက်တယ် ........အခုခေတ်ကလေးတွေရဲ့  အသည်းနှလုံးကို ကျွန်မ မယုံရဲဘူး..........

သတ္တလောက၊ သြကာသလောက ရဲ့  အလှအပကိုတောင်မခံစားတတ်တဲ့ အသည်းနှလုံးပိုင်ရှင်တွေကို ကျွန်မရဲ့ အနှစ်နှစ်အလလ ထိန်းသိမ်းတန်ဖိုးထားရတဲ့ အမြုတေကိုဘယ်လိုယုံကြည်ချက်နဲ့ပေးရမလဲ ...... လို့ စဉ်းစားရတာ ခက်တယ်........တော်တော်ခက်တယ်............ တွေးရင်းတွေးရင်းနဲ့ ကျွန်မအတွေးအာရုံထဲမှာ ယုံကြည်ချက်ပျောက်နေတယ် ........ခုနေခါ ဆရာဦးသီဟနဲ့သာ တွေ့ရရင်သိပ်ကောင်းမှာပဲ........ “ ကျွန်မဘယ်လိုလုပ်ရမလဲ ဆရာ ” လို့ မေးချင်တယ်။ ကျွန်မကြောက်နေတယ်....ပေးအပ်သူနဲ့ ဆက်ခံသူရဲ့  အံဝင်ခွင်ကျမှုမရှိတဲ့ အသည်းနှလုံး ၂ ခုကို ထပ်တူညီအောင် ကျွန်မ တာဝန်ယူနေရတာကို တဖြည်းဖြည်းနဲ့ကြောက်ကြောက်လာတယ်....................။






29.5.2012
2:30pm







No comments:

Post a Comment