Tuesday 29 May 2012

ပခန်းဝန်ကြီး ( သတိုးမင်းကြီးမဟာမင်းလှစည်သူ)

ချစ်ဦးညို ရဲ့  “ သမိုင်းမတွင် ၊ သမိုင်းတွင် ၊ သမိုင်းဝင်နေတဲ့စကားများ ” စာအုပ်ကိုဖတ်တော့ ပခန်းဝန်ကြီး သတိုးမင်းကြီးမဟာမင်းလှစည်သူ သာ ဒီခေတ်ဒီစနစ်မှာ သက်ရှိထင်ရှားရှိရင် ကောင်းမှာပဲလို့ တွေးမိတယ် ။ အဲ့ဒီ့ စာအုပ်ထဲမှာ ပခန်းဝန်ကြီးရဲ့  တရားမျှတပွင့်လင်းပြီး ရှင်ဘုရင်တစ်ပါးကိုမှန်ကန်စွာ စောင့်ရှောက်တဲ့ အပြုအမူအပြောအဆိုကိုတွေ့ရတယ် ။

အမှုတော်ကိုထမ်းနေတဲ့ ၀န်စုဝန်မှူးတို့ မယားများစွာယူကြလို့ လစာရိက္ခာနဲပြီးမလောက်မင ဖြစ်၊ တံစိုးလက်ဆောင်တွေ စားနေကြတာကို ရာထူးဌာနန္တရအလိုက် မယားဦးရေ ကန့်သတ်ရင်ကောင်းမယ်လို့ မိန့်မှာချက်ကို ပခန်းဝန်ကြီးက တိုငိးပြည်တော်မှာ ဘုရင်ဟာ မယားအများဆုံးယူတဲ့ပုဂ္ဂိုလ်ပဲ....ဒီတော့ ဘုရင်ကိုပါ ထည့်သွင်းပညတ်မှ ဒီအမိန့်ဥပဒေတရားမျှတမှန်ကန်လိမ့်မယ်လို့ မှတ်ချက်မျိုးချခဲ့သူပါ။

လွှတ်တော်ကိုကျော်ပြီး စာချွန်အမိန့်တွေထုတ်နေဲ့ဘုရင်ကို မင်းမည်သည်မင်းနှင့်တူအောင်ကျင့် သူတပါးပြောတိုင်းမလုပ်သင့်ဘူး လွှတ်တော်ကိုမတိုင်ပင်ဘဲ အမိန့်ထုတ်နေရင် ဘာကြောင့်လွှတ်တော်ထားလဲ ဖျက်သိမ်းလိုက်ရောပေါ့လို့ လျှောက်ရဲသူပါ။

ဝန်ကတော်တစ်ပါးရတဲ့ ရိက္ခာထက်ပိုတဲ့ အဆောင်ယောင်လှည်းယဉ်တန်းသွားတာတွေ့လို့ တော်မတော်မသိတဲ့ဘ၀င်ကို ချနှိမ်ဖို့ ရိုက်ဆုံးမခိုင်းရဲတာ ပခန်းဝန်ကြီးဆိုသူပါ။

ဒီလိုမျိုး ရိုးသားပွင့်လင်းပြီး တရားမျှတစွာနဲ့ တိုင်းပြည်အုပ်ချုပ်မင်းလုပ်တဲ့သူကို နည်းလမ်းမှန်ရောက်အောင် ဆိုဆုံးမတတ်သူမျိုး ဒီခေတ်စနစ်ကြီးမှာ လိုအပ်ပါတယ် ။ မည်သည့်သဘောမျှမဟုတ်ဘဲ စာအုပ်ဖတ်ရင်း တွေးမိတဲ့ အတွေးတစ်ခုကို မှတ်တမ်းတင်ထားခြင်းသပ်သပ်ဖြစ်ပါသည်။



26.5.2012
3:00pm

1 comment:

  1. Caesars Casino Review (2021) - Get $10 Free with No Deposit
    Caesars Casino Review · febcasino 1. Claim https://jancasino.com/review/merit-casino/ your $10 free bonus and receive up to $20 in septcasino.com casino credits (30 Free 1등 사이트 Spins) · microtouch solo titanium 2. Play Slots at Caesars Casino.

    ReplyDelete