Tuesday 29 May 2012

ရာဇ၀င်တွင်တဲ့ တာမွေ..........

ရန်ကုန်တိုင်းဒေသကြီး ၊ ရန်ကုန်အရှေ့ပိုင်းခရိုင် အတွင်းပါရှိပါသည်။ တာမွေသည် မွန်ဘာသာအမည်မှ ဆင်းသက်လာပြီး ထန်းတပင်ဟု အဓိပ္ပါယ်ရသည်။ အလောင်းမင်းတရားလက်ထက်ကပင် မွန်တိုင်းရင်းသားအများအပြားနေထိုင်ရာဒေသအဖြစ်တွေ့ရှိနေရဆဲဖြစ်သည်။ 1825ခုနှစ် အင်္ဂလိပ်_မြန်မာပထမစစ်ပွဲကာလအတွင်း တာမွေတွင် တိုက်ပွဲများဖြစ်ပွါးခဲ့သေး၏။ တာမွေခံတပ်တိုက်ပွဲမှာ ထင်ရှားသောတိုက်ပွဲတစ်ပွဲဖြစ်သည်။ ကျိုက္ကစံအားကစားကွင်းသည် တာမွေမြို့ နယ်အတွင်းတည်ရှိပါသည်။ ကုန်းဘောင်ခေတ်က စစ်ကဲကြီး ဦးမြိုင်နေထိုင်ရာနေရာဖြစ်ပြီး ဥယျာဉ်ခြံမြေများလည်း တည်ရှိခဲ့သည်။ ကိုလိုနီခေတ်တွင် ဗြိတိသျှဘုရင်ခံက သြစတြေးလျ လူမျိုး မြင်းဝိဇ္ဇာ မစ္စတာပါဝယ်ကိုတာဝန်ပေးကာမြင်းပြိုင်ကွင်း ဆောက်လုပ်စေခဲ့သည်။ တာမွေမြို့ နယ်အတွင်းထင်ရှားသော ရပ်ကွက်တစ်ခုမှာ ကျောက်မြောင်းရပ်ကွက်ဖြစ်သည်။ ရွှေဘိုခရိုင် ကျောက်မြောင်းမြို့ နယ်မှ ဆရာတော်သီတင်းသုံးရာကျောင်းရှိသဖြင့် ခေါ်ဆိုခြင်းဖြစ်သည် ။


29.5.2012
2:30pm

No comments:

Post a Comment