Thursday 26 January 2012

ဆားလင်းကြီးမြို့ နယ်...........သို့ခရီးတစ်ခေါက်.....

မုံရွာ ကို ရောက်ပြီး ၂ လအကြာမှာ ဆားလင်းကြီး မြို့နယ်ထဲက မတောင့်တ ရွာဆိုတဲ့ ရွာကလေးတစ်ရွာမှာ ၀ါဆိုသင်္ကန်းသွားကပ်ကြတယ်။ ကျောင်းက ဆရာမတစ်ယောက် ရဲ့ ရွာကလေးပေါ့..... ဖိုလ်ဝင်းတောင်နား မှာ ရှိတယ်လေ.။ အဲဒီ့ကိုမသွားခင် ယင်းမာပင်မြို့နယ်ထဲမှာရှိတဲ့ ကလေးတစ်ယောက်ရဲ့ ရွာကိုအရင်သွားဖြစ်တယ်....အဲဒီ့နေရာမှ မတောင့်တရွာကို ဆက်သွားဖြစ်တယ်လေ.........ရွာ ကို သွားတဲ့ လမ်းတစ်လျှောက် ဟိုးနောက်ကို ကြည့်လိုက်ရင် တောင်တန်းကြီးကသိပ်လှတာပဲ.........တောင်နရံတွေမှာ တိမ်စိုင်တိမ်ခဲ တွေက ခဏတစ်ဖြုတ် ခရီးတစ်ထောက်နားနေတာမြင်ရတော့.... စိတ်ထဲမှာ အဲဒါ ချင်းတောင်တန်း များဖြစ်နေမလား ဆိုပြီး တွေးမိတယ်.....လမ်းဘေးမှာ လည်း ယာမြေ လယ်မြေ တွေမှာ စပါးခင်း နေကြာခင်း တွေအပြည့် ပဲ။
နေကြာခင်း ကို နောက်ခံထားပြီး ဓါတ်ပုံရိုက်ချင်သေးတယ်.......

လမ်းခရီး တစ်လျှောက် ပန်းတမျိုးမျိုးရဲ့ အနံ့  ရလို့ မေးကြည့်တော့ အဲတာ ပန်းနံ့  မဟုတ်ဘူးတဲ့ စပါးပင်က အနံ့  တဲ့လေ...... မွှေးတယ်သိလား......

ချင်းတောင်းတန်း ကြီးလို့စိတ်ထဲမှာ ထင်နေတဲ့တောင်ကလည်း ပုံတောင်ပုံညာ တောင်တန်း ဆိုတာသိရတယ်.... စစ်ကိုင်းတိုင်းကိုရောက်နေတဲ့ ကာလမှာ ပုံတောင်ပုံညာတောင်တန်းကိုဘာဖြစ်လို့မေ့နေတာပါလိမ့်................. :doh:

သွားရမဲ့ ခရီးက ဝေးတယ်.... ဆိုင်ကယ်နဲ့ သွားတာဆိုတော့ အသားမည်းတာကတော့ ပြောမနေချင်တော့ဘူး....နေကလည်းပူတယ်....ဒါပေမဲ့ ကိုယ်မရောက်ဘူးတဲ့ ဒေသ၊ လူနေမှုပုံစံ၊ ဒေသန္တရဗဟုသုတ နဲ့ ပတ်ဝန်းကျင် အလှအပ တို့ကြောင့် ပင်ပန်းရမှန်းမသိဘူး။
မတောင့်တရွာလေးက ချို့တဲ့တာလား မသိဘူး တစ်ရွာလုံးမှ သင်္ကန်းကတစ်ထည်တည်းရတယ်...ကျောင်း ကဆရာမတစ်ချို့နဲ့ ကလေးတွေ ပေါင်းပြီး သင်္ကန်းတစ်ထည် ရတယ်.... မဂျီးကတော့ ရေစစ်နဲ့ တံမြက်စည်း လှူဖြစ်တယ်............

အဖေ နဲ့ အမေ ကို အမှူးထားပြီး အစ်မတော် အစ်ကိုတော် တွေကို ရည်စူးပြီး လှူတဲ့အလှူပေါ့။
အဲဒီ့နေ့က ၀ါဆို လပြည့်နေ့လေ....ဒါကြောင့် လမ်းတစ်လျှောက်မှာ ဖိုလ်ဝင်းတောင် ကပြန်လာတဲ့ ဘုရားဖူးခရီးသည်တွေနဲ့ တွေရတယ်....ဆုံရတယ်.... ထူးဆန်းတာက သူတို့ခေါင်းမှာ ကျောက်ပန်းခွေ လေးတွေစွပ်ထားကြတယ်....ယောင်္ကျား၊မိန်းမ၊ ကလေး လူကြီးလူငယ် အားလုံးနီးပါး စွပ်ထားတယ်... ၀ါဆိုလပြည့်နေ့က ဖိုလ်ဝင်းတောင် ဘုရားပွဲနေ့လေ...အရမ်းစည်တယ်.....ဒါပေမဲ့ မဂျီး အခုထိမရောက်သေးဘူး..... :|

ဖိုဝင်းတောင် ကိုသွားချင်ပေမဲ့ အရမ်းနောက်ကျနေတာနဲ့ မ၀င်တော့ဘဲ မုံရွာကိုတန်းပြန်လာရတယ်.....
အပြန်လမ်းမှာ မုံရွာ ရဲ့  နာမည်ကြီး ကြေးစင်တောင် ရှိတဲ့ လမ်းကပြန်လာတယ်.....
ကြေးစင်တောင် က ကြေးနီ သတ္တုထွက်တယ်လေ...အဲဒီ ကြေးနီသတ္တုတွေကို နိုင်ငံခြားကုမ္ပဏီ ဖြစ်တဲ့ အိုင်ဗင်ဟို က လေလံဆွဲထားပြီး ကြေးနီတွေ ထုတ်တယ် ပြီးရင် သူတို့ဆီ သယ်သွားတယ်...
အဲဒီ့နေရာနားကလမ်းဆုံလေးရှိတယ်...အဲဒီ့လမ်းဆုံမှာ အတူလာတဲ့ ကလေးတွေဆိုင်ကယ်က လမ်းမှားသွားလို့ သူတို့ကိုလမ်းဆုံမှာ စောင့်နေရတယ်....ဒါနဲ့ပဲ ...

နံမည်ကျော် ကြေးစင်တောင်ကို လှမ်းကြည့်တော့ တစ်သက်မှာ တစ်ခါပဲကြုံနိုင်တဲ့ သဘာဝရားကြီးက ပေးတဲ့အလှတရားကို တွေ့လိုက်ရတယ်...
(နှမြောစရာကောင်းတာက ကင်မရာလေးတစ်လုံးတောင်မပိုင်တဲ့ ဘ၀ မို့ မှတ်တမ်းမတင်ထားရဘူး.............)

ကြေးစင်တောင်ရဲ့အထက်ကောင်းကင် မှာ မိုးတိမ်ကြီးတစ်ခုအုပ်ဆိုင်းနေပြီး...တိမ်ဆိုင်တိမ်ခဲအတွင်းကနေ.....နေမင်းကြီးက ထိုးထွက်နေတယ်....မိုးတိမ်ရဲ့ အထက်နဲ့ အောက်ကို  ရောင်ခြည်တွေ ထိုးထွက်နေတာက မီးဆလိုက်ထိုးထားသလိုပဲ....မိုးတိမ်ရဲ့  အောက်ခြေမှာ လည်း မိုးကသည်းသည်းမည်းမည်း ရွာချနေတဲ့ရှု့ ခင်းက အရမ်းလှတဲ့ရှု့ ခင်းပဲ...... စာနဲ့ ရေးဖွဲ့လို့မမှီဘူး.........
လှလိုက်တာအရမ်း ပါပဲ.....ရောက်နေတဲ့နေရာက လမ်းဆုံလမ်းခွဆိုတော့ အရပ်ရှစ်မျက်နှာ ကို လှည့်ကြည့်လိုက်တာနဲ့ ........အရှေ့ဘက်ကျောက္ကာတောင်တန်းဘက်မှာ လည်း မိုးကရွာတဲ့နေရာရွာ တောင်ဘက်မှာလည်း ထို့အတူ၊ မြောက်ဘက်မှာလည်း ထူးမခြားနား၊
အနောက်ဘက်ကလည်း အားကျမခံ အရပ်မျက်နှာ အားလုံးက အလှကိုယ်စီနဲ့ လှနေကြတယ်......
ဒီလိုသဘာဝတရားကပေးတဲ့ အလှတွေကိုခံစားရင်း ကြေးစင်တောင်ရှိတဲ့နေရာကို ရှာကြည့်မိတယ်....အိုင်ဗင်ဟိုကုမ္ပဏီကကြေးနီထုတ်တဲ့ ၂နှစ် ၃နှစ်အတွင်းမှာ ကြေးစင်တောင်ဆိုတာ နာမည်ပဲကျန်ပါတော့တယ်.....နောက်မဂျီးနာမည်မသိတဲ့ တောင်တစ်လုံးတောင် မုန့်စိမ်းပေါင်းလှီးသလို တရိပ်ရိပ်နဲ့ လှီးချနေတာ တောင်ခြေတောင်ရောက်နေပြီ....ဒီလို သဘာဝအရင်းအမြစ်ကိုထုတ်နေတာနဲ့ ပတ်ဝန်းကျင်မှာ ဆိုးကျိုးတွေဖြစ်လာရတယ်..
ပတ်ဝန်းကျင်ကျေးရွာတွေမှာ လယ်ယာမြေတွေဆုံးရှုံးသွားတယ်...ထွက်လာတဲ့ စွန့်ပစ် ပစ္စည်းတွေကြောင့် လယ်ယာမြေတွေမှာ စိုက်ပျိုးလို့မရတော့ ဘူး..... ပူပြင်းခြောက်သွေ့တဲ့အညာမြေမှာ ပိုပူပြင်းခြောက်သွေ့ရတယ်...နောက်ဆိုရင် ကန္တာရများဖြစ်မလားမသိဘူးဆိုတဲ့ အတွေးနဲ့ အတူ ခုဏကပျော်ရွှင်မိတဲ့ ခံစားချက်တွေက တိုက်ခတ်နေတဲ့ လေနဲ့အတူလွင့်စင်သွားတယ်... ......
ပတ်ဝန်းကျင်ကျေးရွာတွေကတော့ ကြေးနီထုတ်လုပ်ရေးရဲ့  စွန့်ပစ်ပစ္စည်းကနေ တစ်ဆင့် ဒုတ္ထာ ကိုပြန်ချက်တဲ့ တစ်နိုင်တစ်ပိုင် လုပ်ငန်းကိုလုပ်ကိုင်ကြရတယ်..............
ကျေးရွာနေ ပြည်သူလူထုတင်မဟုတ်ပဲ...သဘာဝသစ်ပင်တွေပါ ရှင်သန်မှုမရှိတော့ဘူး....ရှင်သန်နေတဲ့သစ်ပင်တွေလည်း ရပ်တန့်သွားတယ်...
ခြောက်သွေ့ရင် ဖုန်တစ်ထောင်းထောင်းနဲ့ စိုစွတ်ရင်လည်း ဗွက်တစ်စိစိ နဲ့ စိတ်ညစ်စရာကောင်းတယ်.....ဒီကြားထဲ နိုင်ငံခြားပိုင်ကုမ္ပဏီဆိုတော့ အခြေခံ အလုပ်သမလေးတွေရဲ့ ဘ၀ကို ကြားရတော့ ဘယ်သူ့အပြစ်တင်ရမှန်းမသိဘဲ စပ်စပ်စုစုနိုင်တဲ့ ကိုယ့်ကိုကိုယ်ပဲ အပြစ်တင်မိတယ်.....ဒါနဲ့ပဲ လမ်းမှားသွားတဲ့ ဆိုင်ကယ်၂စီးကို ပြန်မလာရမလားဆိုပြီး ဒေါသ လမ်းလွှဲပြီး မုံရွာ ကို ခရီးဆက်ခဲ့တယ်........


နွေမိုးဆောင်း
26.1.2012

No comments:

Post a Comment