Tuesday 10 January 2012

နိုဝင်ဘာ 30 အလွမ်း........

မိုး .......
နွေနှောင်းလွန်ကုန် ရွာလေမိုးက
သည်းထန်ချိပ်မည်း မိုးပန်းမိုးပေါက်
အစစ်မှန်လား အတုလေလား
ချစ်သူ့နှုတ်ဖျား မြွက်ဟဆိုခဲ့
တွေးတွေးဆဆ ယုံမှားခက်ခဲ့.......။
ခိုးငွေ့ကုန်စင် ဝေးလင့်ဝဿန်
ကြာရှည်မခံ နှုတ်ဆက်ခဲ့ကာ
နှလုံးကြေကွဲ ၀ိညာဉ်လွင့်သည်
အိမ်မက်တိုင်းမှာ မိုး ရွာမည်.........။

နှင်း
မိုးကုန်နှင်းလွန် ဆောင်းတွင်းမြူကျ
ခရီးလွန်ရ ပိန်းပိတ်ဝေနှင်း
နောင့်နှုတ်ဖျားက ပေါက်ဖောက်တဖြုတ်
တုစစ်လုပ်လား ယုံမှယုံမှား...............။
နေထွက်သည်နှင့် ဖြေဖြည့်စိတ်ဖြေ
ဝေးလွင့်မြူနှင်း နှုတ်ဆက်စကား
သည်းအူကြေပြတ် ၀ိညာဉ်ပြေးသည်
အိမ်မက်တိုင်းမှာ နှင်း ဝေမည်...........။

လွမ်း
ဆောင်းကုန်နွေလယ် မိုးဦးအလွန်
လွမ်းရာသီိစုံ ချစ်ရင့်ကျူးသံ
အငုံအဖူး အေက့်မေ့မျှော်ခိုက်
နှလုံးခွေပျောင်း တံ့ချုပ်အသက်
အက်အက်ကွဲကြေ စိတ်တစ္ဆေသည်
အိမ်မက်တိုင်းမှာ လွမ်းနေမည်...........။



နွေမိုးဆောင်း
 10.1.2012

No comments:

Post a Comment