Monday 12 March 2012

ပြည် ချောင်းသာ..................




နွေရာသီကိုရောက်ပြီဆိုတော့ ပူပြင်းလှတဲ့ ရာသီဥတုကို အံတုဖို့ရာ အတွက် သဘာဝတရားက အလိုလျောက် ဖန်တီးပေးတတ်တယ်……..။ ဒါကို ထပ်ပြီး လူတွေက ပြုပြင်မွမ်းမံလိုက်တော့ ဧရာဝတီမြစ်ရဲ့  ဖြူဖွေးလှတဲ့ သဲသောင် ဟာ “ ပြည် ချောင်းသာ ” ဖြစ်သွားတယ်……….။ ကြားခါစ က ဘယ်နှယ့် ချောင်းသာ ဆိုတာ မြန်မာပြည်အောက်ပိုင်းမှာ ရှိတဲ့ ကမ်းခြေတစ်ခုပါလို့…. အခု ပြည် ချောင်းသာ ဆိုတာ ဘယ်လိုပါလိမ့်ဆိုတဲ့ စူးစမ်းမှုတွေနဲ့ ရောက်သွားတော့……….




အိုး……….ဧရာဝတီမြစ်သဲသောင်အစပ်ရေတိမ်တိမ်မှာ  သက်ကယ်မိုးလေးတွေနဲ့ ၀ါးပက်လက်ကုလါးထိုင်လေးတွေ ချထားပြီး အပန်းဖြေလို့ရအောင် တီထွင်ထားတဲ့နေရာတစ်ခုပဲ…….။ တစ်ချို့  ၀ါးပက်လက်ကုလါးထိုင်လေးတွေက ရေထဲမှာ ရောက်နေပြီး ခြေထောက်အောက်ပိုင်းကို ရေတွေထဲနှစ်ထားလို့ရတယ် …… ရေထဲမှာ အပန်းဖြေအနားယူရင် ပူပြင်းလှတဲ့ နွေဒဏ်ကို အံတုနေကြတဲ့ လူကြီးတစ်သိုက်…….၊ လူငယ်တစ်စု ၊ မိသားစု တစ်ပြုံ နဲ့ ကိုယ်စီကိုယ်စီ အသီးသီး လာကြတာကိုတွေ့ရတယ်။ သဲသောင်ပြင်ပေါ်မှာ အပန်းဖြေရင်းနှစ်သက်ရာ စားသောက်နိုင်အောင် ဆိုင်လေးတွေလည်း ဖွင့်ထားကြတယ်….....တစ်ချို့ကတော့ဘီယာလေးသောက်လိုက်၊ တောလက်ဖက်သုပ်လေးမြည်းလိုက် ၊ ရေလေးစိမ်လိုက် နဲ့ ……ဇိမ်ကို ကျနေတာပဲ……… ( မဂျီးက တော့မဆီမဆိုင် သူတို့တွေ လေဖြတ်ကြတော့မှာပဲ  ဆိုပြီး ပူပင်လိုက်သေးတယ် ) ဆိုင်လေးတွေမှာ ပြည်မြို့ ထွက် တောလက်ဖက်သုပ်ကတော့ မပါမဖြစ်တဲ့ ရောင်းကုန်ပစ္စည်းတစ်ခုပေါ့………နောက်ပြီး ငါးသေးသေးလေးကြော်……နဲ့ အသုပ်ပေါင်းစုံ ရတယ်လေ………အပူ ၊ အအေး လည်း ကြိုက်နှစ်သက်ရာ မှာယူစားသုံးနိုင်တယ်……..အဲ့…ဒါပေမယ့် ဈေးကတော့ဘာလို့ကြီးမှန်းလည်းမသိဘူး……



မိသားစုလိုက်လာတဲ့သူတွေကတော့ ကလေးတွေနဲ့ ရေထဲမှာ ဘောကွင်းတွေနဲ့ ဆင်းပြီးရေကစား နေကြတယ်……….. သူတို့စိတ်ကူးအတွေးထဲမှာတော့ တစ်ကယ့်ချောင်းသာထဲကိုရောက်နေကြတယ်ထင်တယ်……..ဘောကွင်းတွေကိုလည်း စားသောက်ဆိုင်လေးတွေက တွဲဖက်ပြီး အငှါးဖွင့်ထားကြသေးတယ်…။ ကိုယ်တွေကတော့ တောလက်ဖက်သုပ်လေးနဲ့ ရေနွေးကြမ်းလေး စားသောက်ပြီး အပူဒဏ်ကို ကျော်ဖြတ်နေရတယ်……။  ကမ်းစပ်ကနေ ဧရာဝတီမြစ်တစ်ဘက်ကမ်းကို လှမ်းကြည့်လိုက်ရင် အုံမှိုင်းခြောက်သွေ့နေတဲ့ တန့်ကြည်တောင်ရယ်……….ဆင်တဲ ပန်းတောင်းကားလမ်း ရယ် ကို လှမ်းမြင်နေရတယ်………….. ငွေဘုံသာမုနိဘုရားကိုလည်း လှမ်းဖူးနိုင်တယ်………….. ။ ဧရာဝတီမြစ်ကိုဖြတ်တဲ့ န၀ဒေးတံတားကြီးကိုလည်း ငေးမော ကြည့်ရှု့  လို့ရတယ်…………..ဟိုး…….မြစ်အောက်ဘက်ကို လှမ်းကြည့်ပြီး တံငါလှေလေးတွေ လေးလံနှေးကွေးတဲ့ အိမ်ပြန်လမ်းကိုလည်း မျှော်ငေးလို့ရတယ်………….ဒီရက်ပိုင်း ရာသီဥတု ဖောက်ပြန်နေလို့ တိမ်တောင်တိမ်လိပ်တွေ ဖြစ်နေတဲ့ ကောင်းကင်ကြီး ကလည်း အလွမ်းကိုထပ်ဆင့်တိုးစေတယ်………..
ကဲ…………….နွေရာသီမှာ ပြည်မြို့ ဘက်ကိုများရောက်ဖြစ်ခဲ့မယ်ဆိုရင် ပြည်သူပြည်သားတွေရဲ့  စိတ်ကူးယဉ် ချောင်းသာ ဖြစ်တဲ့ ပြည်ချောင်းသာကို အလည်တစ်ခေါက် ၀င်ရောက် အပန်းဖြေကြည့်ပါလို့ တိုက်တွန်းလိုက်ပါတယ်ရှင်………….




နွေမိုးဆောင်း
11.3.2012
1:30 pm

No comments:

Post a Comment