Friday 14 February 2014

လူဆိုသည်ကား



လူဆိုသည်ကား
လူသည်လျှင်
ကောင်းကင်တမွတ်၊ ကြယ်ကိုဆွတ်သော်
မလွတ်စတမ်း၊ ရမြဲလမ်းဟု
စွမ်းအင်ပြည့်စုံ၊ ဆိုပါတုံလည်း။

လူ၌သာ
ပညာကြီးမား၊ဘွဲ့အများနှင့်
တတ်ထားသိပ္ပံ ပါမောက္ခဟု
ကမ္ဘာ့တခွင် စာရင်းဝင်လည်း။

လူသည်လျှင်
နေ့စဉ်ဆုံးဖြတ် ဓမ္မသတ်နှင့်
ကျင့်မြတ်လျော်ညီ၊ပြုတတ်သည်ဟု
ပြည့်သူ့ရှေ့တွင် ထုံးစီရင်လည်း။

လူ၌လျှင်
သူ့တွင်ရွှေငွေ၊ ပေါပြည့်လေလျက်
မြေကိုပိုင်စိုး၊ တိုက်တာမိုးနှင့်
အိုးအိမ်များစွာ၊ ရှိလေပါလည်း။

လူသည်လျှင်
ချစ်ကြင်ဇနီး၊ အိမ်ထောင်ကြီးနှင့်
စိတ်လည်းချမ်းမြေ့ ပျော်ရွှင်မွေ့ဘွယ်
စေ့စုံပါဘိ ၊ စည်းစိမ်းရှိလည်း။

လူ့စိတ်ပျောက်၍
ဖောက်ပြန်သောခါ၊ ကြောက်စရာပင်
စိတ်မှာမယုံနိုင်အောင်ရှိတကား။

ထီလာစစ်သူ

No comments:

Post a Comment