Wednesday, 11 January 2012

အကောက်တောင်ခရီးအစ အပိုင်း(၁) ............

Edit

အကောက်တောင်ခရီးအစ အပိုင်း(၁) ............








(၆၄) နှစ်မြောက်လွတ်လပ်ရေးနေ့ မနက်အစောကြီး ၅ နာရီ ကတည်းက နာရီ alarm နဲ့အတူ နိုးထလာပြီး ယူသွားမယ့် ပစ္စည်းတွေ ပြင်ဆင်ထည့်ပြီး မျက်နှာသစ် ၊ သွားတိုက် ၊ အလှပြင်ဆင်ပြီး လာကြိုနေတဲ့ BM ကားပေါ် လှူဖွယ်ပစ္စည်းနဲ့အတူ စားစရာခြင်းတောင်း တွေတင် နေရာယူထားလိုက်တယ်။ တက်ကြွလန်းဆန်းလတ်ဆတ်တဲ့ ခြေလှမ်းတွေနဲ့ အတူ စတင်ခဲ့တယ်……………..။
ရာသီဥတုလေးကလည်း လပြာသိုပေမယ့် ခိုက်ခိုက်တုန်အောင်မချမ်းတော့ အနွေးထည်လေးတစ်ထည်တောင်မယူဘဲ...ထွက်လာမိတယ်။ တောင်တက်ခရီးမှာ အပိုဖြစ်မယ့် အရာဆိုပြီးချန်ထားရစ်ခဲ့တယ်……….

စတင်ထွက်လာတဲ့ အချိန်က အရှေ့ ရောင်နီတောင် အစမပြုသေးတဲ့ မနက်၆ နာရီ ၊ လမ်းပေါ်မှာ သွားလာလှုပ်ရှားနေတဲ့ လူ အနည်းကျဉ်း၊ ကား ၊ ဆိုင်ကယ် တစ်စီးနှစ်စီး ပဲတွေ့ရတယ်။ တစ်ချို့အိမ်တွေဆို တံခါးတောင်မဟ သေးဘူး ။ ဆောင်းအခါမို့ ညတာရှည်လို့ ရောင်နီပျိုးတာ နောက်ကျလိုက်တာလို့ ဆိုတဲ့အတွေးကို န၀ဒေးတံတား ( ဧရာဝတီ ) ကိုဖြတ်သန်းရင်းတွေးမိတယ်…………..

ဟိုး………..မြစ်အောက်အခြေဘက်ကိုလှမ်းကြည့်လိုက်တော့ ……..အိုး……….. မြူဆိုင်းနေတဲ့ တောင်တန်းတွေကို မြူခိုးမြူငွေ့တွေ ရစ်ခြုံသိုင်းလွှမ်းလျက် မြင်လိုက်ရတော့မှ ကိုယ့်ခန္ဓာကိုယ်လည်း အသာအယာအေးစက်လာတယ်………။ ဒါပေမယ့်…..လေ…..မြစ်ဧရာဝတီစီကေ
န ပျံ့ တက်လာတဲ့ ရေခိုးရေငွေ့ တွေကိုမြင်လိုက်ရတဲ့ တခဏမှာ နွေးထွေးသွားခဲ့တယ်…………။
ဘယ်လောက်ပဲအေးစက်နေပါစေ နွေးထွေးမှုရှိအောင် ဧရာဝတီ ဟာ စွမ်းဆောင်စေနိုင်ပါသလား…………………
…..။
အေးစက်နေတဲ့တောင်တန်း နဲ့အတူ နွေးထွေးစေတဲ့ဧရာဝတီရယ် ကိုယ်ရယ်ဟာ တစ်သားတည်း ဖြစ်သွားခဲ့တယ်………….. ။



နွေမိုးဆောင်း
 11.1.2012

Tuesday, 10 January 2012

အကောက်တောင်အလှူ...........

ပြည်မြို့ ကိုတာဝန်ကျကတည်းက မုံရွာတုန်းကလို သွားလိုက်အုံးမယ်ဟဲ့ခရီးတွေ ၊ ဘုရားတွေ ၊ ရွာတန်းရှည်တွေ ဆိုပြီးအားခဲထားခဲ့ပေမယ့် မသွားဖြစ်ခဲ့ဘူး။ ခရီးသွားဆောင်းပါး အမှတ်တရတွေလည်း ရေးလိုက်အုံးမယ်လို့ ဆိုပြီးတေးမှတ်ထားခဲ့တာ။ ဒီစိတ်ကူးတွေကိုအခုတော့ အကောင်ထည်ဖော်ပေးတဲ့ သူရှိလို့ သွားဖြစ်ပြီ ရေးဖြစ်ပြီ.............
၃ ရက်လောက်ကစပြီးကြိုသိနေတဲ့ခရီးစဉ်မို့ ကြိုတင်စီစဉ်စရာရှိတာစီစဉ်ခဲ့ရတယ် ။ ပထမ ဆုံး လက်ဆောင်ရထ...ားတဲ့ ကင်မရာလေးနဲ့အတူခရီးထွက်ရမယ်ဆိုတဲ့ အတွေးက စိတ်ကို ပီတိဖြစ်စေတယ်………ဘယ်လိုမျိုးလေး ရှူခင်းပုံလေးတွေ ရိုက်လိုက်မယ် ကိုယ်တိုင်လည်း အလှဓါတ်ပုံကို ဘယ်လိုပိုစ့်နဲ့ရိုက်မယ်ဆိုတဲ့ စိတ်ကူးတွေနဲ့အတူ………….စိတ်ကူးယဉ်
ခဲ့မိတယ်……။
4.1.2012 နေ့မှာသွားမှာမို့ 3.1.2012 နေ့ညနေကတည်းက စတင်ပြင်ဆင်ခဲ့ရတယ်။အတူနေညီမ၂ယောက်က ဘုန်းကြီးလှူမယ့် လှူဖွယ်ပစ္စည်းသွားဝယ် ၊ ကိုယ်ကတော့ အနောက်ဈေးထဲကို လိုအပ်မယ်ထင်တာလေးတွေ သွားဝယ်။ ပြန်ရောက်တော့ မနက်ကို ကြာဇံကြော်သွားမှာဆိုတော့ အသီးရွက်တွေ လှီးတန်လှီး ၊ ဖြတ်တောက်စရာ ရှိတာ ဖြတ်တောက် ၊ နွှာစရာရှိတာနွှာနဲ့ အသင့်ပြင်နေတုန်း လှူဖွယ်ပစ္စည်းဝယ်သူတွေပြန်ရောက်လာကြတယ်။ ဘ၀မှာ မထင်မှတ်ဘဲမှားမိတဲ့အမှား အညစ်တွေကင်းစင်အောင် ရည်ရွယ်ပြီး ဆပ်ပြာမှုန့်အကြီးတစ်အိတ် ၊ သောကကင်းပြီး အမိုက်မှောင်ဘ၀ မရောက်စေရန်အတွက် အလင်းပေးမယ့်ဖယောင်းတိုင် ၊ ရှေ့ဆက်ရမယ့်ခရီးတစ်လျှောက်မှာ ကျန်းမာတဲ့ကိုယ်ခန္ဓာကိုပိုင်ဆို
င်မှ အေးချမ်းတဲ့ဘ၀လေးဖြစ်စေရန် ဆေးမျိုးစုံတို့ပါလာတယ်။
ဒီတော့ ကင်မရာအသစ်လေးနဲ့ လှူဖွယ်ပစ္စည်းတွေ ၊ စားသောက်မယ့်စားစရာအတွက်ပြင်ဆင်ထားတဲ့ အရာတွေ ၊ ကော်ဖီ အပါအ၀င် ပစ္စည်းတွေကိုမှတ်တမ်းတင်ထားလိုက်တယ်………..။






...


နွေမိုးဆောင်း 
 
 10.1.2012

သရေခေတ္တရာသို့ အလည်တစ်ခေါက်……………………..

ပြည်ရောက်စ ကသွားခဲ့တဲ့ ခရီးစဉ်လေးတစ်ခုကို အမှတ်တရ ဝေမျှရင်း............




ဧည့်သည်ဆရာမတစ်ယောက်ကို ပြည်မြို့ရဲ့  အထင်ကရဘုရားတွေကို လိုက်ပို့တဲ့ ဆရာမတွေနဲ့အတူ ကိုယ်လည်း လိုက်ပါသွားခဲ့ရတယ်…………။ အဓိက ကမှော်ဇာဘက်ရောက်မယ်ဆိုလို့ လိုက်ချင်တာနဲ့လိုက်သွားခဲ့တယ်………………မှော်ဇာဆိုတာ ရှေးဟောင်းနန်းတော်ဟောင်းရှိတယ် ဆိုလို့ အရမ်းရောက်ဖူးချင်ခဲ့တယ်………..စသွားရတဲ့ ဘုရားက ဇာတ်၅၀၀ ဘုရား ဆိုလို့ ဇာတ်တော်၅၀၀ ကိုဘယ်လိုများ ပုံဖော်ထားမလဲဆိုတဲ့အတွေးနဲ့……………..။

ဘုရားကိုရောက်တော့လည်း ဇာတ်တော်ကြီး၅၀၀ကိုရှာနေမိတယ်……. ဒါပေမယ့်….. သိချင်တာကိုမေးကြည့်မယ်လုပ်တော့လည်း ဂေါပကလူကြီးတွေကိုမတွေ့မိဘူး……… အတူလိုက်ပါတဲ့ ကလေးတွေကလည်း သူတို့သိတဲ့ဘုရားကိုသူတို့လိုက်ပို့တာ ဆိုတော့ ဘုရားသမိုင်းကို သူတို့မသိဘူးဖြစ်နေတယ်……………. ဇာတ်၅၀၀ ဘုရားကနေ ဘုရားမာဘုရားကိုရှေ့ဆက် ခရီးဆက်ကြတယ်………။… ပြည်မြို့ဟောင်းရဲ့  မြို့ ထောင့်စေတီတွေအဖြစ် ကြားဖူးတဲ့ ဘုရားကြီး၊ ဘောဘောကြီး၊ ဘုရားမာ စတဲ့ ဘုရားတွေထဲက ဘုရားတစ်ဆူပဲ……..ဘုရားရဲ့ ဗိသုကာလက်ရာကတော့ ဘုရားသုံးဆူပုံစံတူတူပဲ……… ကောင်းမှုတော်ဘုရားလေက် ထုတည်မကြီးပေမယ့်ွှ ကောင်းမှုတော်ဘုရားလိုပုံစံမျိုးတွေပဲ………..ဘုရားရဲ့  လုံးပတ်လည်ကဘာမှ မရှိတော့ဘူး နှစ်ပေါင်းများစွာကြာလာတဲ့ အခါလေဒဏ်မိုးဒဏ်ကိုခံရလို့ အင်္ဂတေ တွေပြုတ်ကွာနေကြပြီ…..။ သရေခေတ္တရာ လက်ထက်ကဘုရားတွေဆိုတော့ ပုဂံခေတ်ကဘုရားတွေထက်ပိုပြီး ရှေးကျမယ်ထင်တယ်…ဒါပေမယ့် ဘုရားတွေရဲ့  ပုံသဏ္ဍာန်က ချောမွေ့မှုမရှိဘဲ ဖြစ်နေတယ်။ ဘုရားမာကနေတစ်ဆင့် မှော်ဇာရွာက ရှေးဟောင်းသုတေသနပြတိုက်ကိုဝင်ခဲ့ကြတယ်…….။ ရှေးဟောင်းသုတေသနပြတိုက်ကို မရောက်ခင်နန်းမြို့ ရိုးဟောင်းတွေကို တွေ့ခဲ့ရတယ်……….ပြန်လည်တူးဖော်ထားတဲ့ မြို့ ရိုးတွေပေါ့………..။ ပြတိုက်ထဲကို လှည့်ပြီးကြည့်တဲ့အခါမျာ ပျူခေတ်အရိုးအိုးတွေ ပျူခေတ်လက်ရာ အိုးခြမ်းကွဲတွေ ဘုရားဆင်တုတွေ ဒင်္ဂါးပြားတွေ လည်ဆွဲပုတီးတွေကို မှန်ခန်းတွေနဲ့ ထည့်ထားပြီး ပြထားတယ်…………. သရေခေတ္တရာနန်းတော်ဟောင်း မြေပုံနှင့်တစ်ကွ ပျူစာတွေကိုတွေ့ရှိခဲ့တယ်…….။

ရှေးဟောင်းသုတေသနပြတိုက်ဆိုတော့ ကိုယ်သိချင်တဲ့ မြို့ ထောင့်စေတီ ၄ ဆူအကြောင်းမေးမိတော့ ပြတိုက်တာဝန်ခံက သူတို့သိတာလည်း၃ဆူပဲဖြစ်ကြောင်း ဘုရားမာ၊ ဘောဘောကြီး၊ ဘုရားကြီး တို့ဖြစ်ကြောင်း တစ်ဆူကတော့ ပျောက်ပျက်နေတာဖြစ်နိုင်ကြောင်း နဲ့ ဖြစ်နိုင်ချေရှိတဲ့ နေရာကိုလည်း မြေပုံထဲမှာ ပြသလိုက်လို့ သိရှိခဲ့ရတယ်…….။ကိုယ်ကြားဖူးတဲ့ ၄ဆူက ဘုရားမာ၊ ဘောဘောကြီး၊ ဘုရားကြီးနဲ့ ဘဲဘဲဘုရားတို့ဆိုပြီးသိတာ ဟုတ်လားလို့မေးတော့ အတိအကျ မသိဘူးဆိုတာပဲသိရတယ်..။

သရေခေတ္တရာမြို့ ဟောင်းရဲ့  ရှေးဟောင်းအမွေအနှစ်ကိုထိန်းသိမ်းထားတဲ့ ပြတိုက်ထဲမှာ ကိုယ်တွေအဖွဲ့  ကလွဲပြီးဘယ်သူမှမရှိဘူး။ ပြတိုက်တာဝန်ခံကလွဲပြီး ဘယ်သူမှမရှိကြဘူး။ ၀င်ကြေးကတော့ လူကြီးတစ်ယောက်ကို ၂၀၀ကျပ်တဲ့ ………. ကြားဖူးတာက နိုင်ငံတကာက ပြတိုက်တွေဆိုရင် ၀င်ကြေးကလည်းအများကြီးပေးပြီးဝင်ရတယ်။ ပြတိုက်လိုနေရာမျိုးဆိုတာကလည်း လူတွေအများကြီးနဲ့ စည်ကားနေတာတဲ့……….. အခုတော့ ကိုယ်ဆီက ပြတိုက်တွေကို မှန်းကြည့်လိုက်ပါ…………. အမြဲတမ်းခြောက်သွေ့ပြီး တိတ်ဆိတ်ငြိမ်သက်နေတယ်……………သာမန်လူတိုင်းလည်းဝင်ကြည့်ရှု့ ပြီးတဲ့အချိန်မှာ ပြန်ဖို့သတိရလိုက်တော့ ပြခန်းထဲမှာ ကျောင်းသူလေးတစ်ယောက်နဲ့ ကိုယ်နဲ့ပဲကျန်ခဲ့တယ်……….ကျောင်းသူလေးကလည်းမပြောရဲလို့ဆိုပြီး စောင့်နေတာတဲ့ အပြင်ကိုရောက်တော့ အားလုံးကားပေါ်ရောက်ကုန်ပြီ………

ပြတိုက်ကနေအထွက်လမ်းဘေးမှာဘုရားတစ်ဆူ တွေ့လို့ဆင်းပြီး ကြည့်တော့ ရဟန္တာဂူဘုရားတဲ့…….ပုဂံဘုရားတွေလို အတွင်းလှိုဏ်ဂူ ရှိပြီးနရံအုတ်ခွက်ဘုရားတွေ နရံဆေးရေးပန်းချီတွေကိုတွေ့  ရတယ်……….. ။ ဒီလိုရှေးကျတဲ့ ဘုရားမျိုးကို တံခါးမပိတ်ဘဲထားတော့ ရှေးဟောင်းအမွေအနှစ်တွေ ပျောက်ပျက်မှာစိုးရိမ်မိတယ်…….။ ပုဂံမြို့ ဟောင်းမှာတော့ ထိန်းသိမ်းတဲ့ အဖွဲ့တွေရှိတယ်..။ ဒါကြောင့် ပြည်မြို့ကရှေးဟောင်းဘုရားတွေကိုလဲ အမြဲထိန်းသိမ်းတဲ့ သူတွေရှိစေချင်တယ်…..။

ဒွတ္တဘောင်မင်းကြီးနန်းတော်ဦးကနေဘုရားဖူးရအောင်ဆိုပြီး တည်ထားတဲ့ နန်းဦးစေတီကိုဆက်သွားကြတယ်………….
အရင်ကျန်ရှိတဲ့ဘုရားကို ပြန်လည်မွမ်းမံထားပြီးပြန်တည်ထားတာလေ…..။ သာယာတဲ့နေရာလေးတစ်နေရာပါပဲ….. ရှေ့မှာလည်း ရေကန်ဟောင်းတစ်ခုကို တွေ့ခဲ့တယ်….။ပျူမြို့ ဟောင်းဆိုပြီး အထင်အရှားမရှိတော့ ဒီနန်းဦးဘုရားပတ်ဝန်းကျင်ကိုပဲ မှန်းပြီး သြော်……….. တစ်ခါက ဒီနေရာမှာ နန်းတော်ဆိုတာရှိခဲ့ပါလားဆိုပြီး မှန်းမျှော်ရင်း…….ခရီးဆက်ခဲ့တယ်…………..။
ဒီတစ်ခါရောက်တာကတော့ ဘောဘောကြီးဘုရားတဲ့ ။ ဘုရားပုံစံကဘုရားမာဘုရားနဲ့ ဗိသုကာလက်ရာတူတယ်.. နောက်ဆုံးဖူးတဲ့ဘုရားကြီးဘုရားအပါအ၀င် ဘုရား၃ဆူက ပုံစံတူဘုရားတွေ အားလုံးထဲမှာမှ ဘောဘောကြီးဘုရားကထုထည်အကြီးဆုံးဘုရားဖြစ်တယ်……….။
ဘောဘောကြီးဘုရားမှာပါလာတဲ့ လက်ဖက်သုပ်နဲ့ရေနွေးကြမ်း၊ အာလူးကြော် ၊ လိမ္မော်သီး ၊ စပျစ်သီးတွေကို စားရင်းအနားယူကာ စကားတွေပြောဖြစ်ကြတယ်……….။ ( ကလေးတွေ ယူလာတာ…………. )

စားသောက်ပြီးတော့ ရှေ့ခရီးဆက်ခဲ့တာက အောင်မြင်ဗာဟုစေတီကိုသွားကြတယ်……….အောင်မြင်ဗာဟုစေတီကို နံမည်ကြားဖူးကတည်းက စိတ်ဝင်စားနေတာ…………သူက တောနည်းနည်းကျတဲ့ နေရာမှာရှိတယ်……… ။ သာယာတဲ့ နေရာနှင့် သိုက်နန်းတွေပျော်တဲ့ နေရာလို့ကြားဖူးတယ်…….. ဘောဘောကြီးကနေသွားရတော့ ခရီးနည်းနည်းရှည်တယ်….. နောက်ပြီးအဲဒီ့ဘုရားက ဓါတ်ပုံရိုက်လို့မရဘူး ရိုက်ရင်လည်းပုံမထင်ဘူးလို့ပြောတယ်……. အဲတာတွေကြောင့် ဒီဘုရားကိုစိတ်ဝင်စားပြီး လိုက်ပါသွားမိတာလေ……. လမ်းခရီးတစ်လျှောက်လုံးမှာ ပန်းခင်းတွေ သီဟိုဠ်ပင်တွေ ၊ ကျွန်းပင်တွေနဲ့ ဘုရားနားနီးလာလေ တောကနည်းနည်ထူလာလေ…….. တောင်ကနည်းနည်းမတ်လာလေ………. နဲ့ ဘုရားကိုရောက်လာကြတယ်…………. ရှေးဟောင်းဘုရားကိုပြန်လည်မွမ်းမံထားလို့ သစ်လွင်ပြီးတောက်ပနေတယ်……. ဓါတ်ပုံ ဗီဒီယိုမရိုက်ရ ဆိုတဲ့ ဆိုင်းဘုတ်တွေကိုနေရာအနှံတွေ့ရတယ်……..။ ဒါနဲ့ပဲ ဘုရားဖူးပြီးတော့ အားလုံးနေရာအသီးသီးမှာ ဓါတ်ပုံတွေခိုးရိုက်ကြတယ်……… စမ်းသပ်ကြတာပေါ့……..တောင်ပေါ်မှာရှိတဲ့ဘုရားမို့ ရှုခင်းကတော်တော်လှတယ်…….. ရှေ့ဆက်တက်ရင်လည်း ဘုရားတွေရှိတယ်ဆိုလို့ ရှေ့ဆက်ပြီး သွားဖူးတာသော့ခတ်ထားလို့ အပြင်ကမှန်းမျှော်ဖူးခဲ့ရတယ်……….။တောင်ပေါ်မှာတည်တဲ့ဘုရားပေမယ့် ရေ မီး အပြည့်အစုံနဲ့ စိမ်းစိုနေတာပဲ………….. ဘုရားတွေဖူးပြီးပြန်မယ်ဆိုတော့ ဘုရားဂေါပကလူကြီးကိုဒီဘုရားကဘာလို့ ဓါတ်ပုံမရိုက်ရတာလဲဆိုပြီး မေးကြည့်တော့ ခရီးဆိုတာ အသွားရှိရင်အပြန်ရှိတယ် ဆိုပြီး ရှင်းပြတယ်…. ဘုရားကို တစ်ကယ်ရိုသေတဲ့ စိတ်နဲ့ ဓါတ်ပုံရိုက်မယ်ဆိုရင် ရိုက်သွားပါတဲ့ အဲလိုပြောလိုက်တာနဲ့ ဓါတ်ပုံရိုက်ထားတဲ့ ဆရာမတွေ ကိုယ်ရိုက်ထားတဲ့ ပုံတွေကို အကုန်ဖျက်တော့တာပဲ………. ။ ကိုယ်ကတော့ နောက်တစ်ခေါက် အောင်မြင်ဗာဟုကို ရောက်ချင်သေးတယ်……….။
နောက်ရောက်ခဲ့တဲ့ ဘုရားက ရွှေလက်ရဘုရားတဲ့ ဘုရားကိုရောက်တာနဲ့ ရင်သပ်ရှုမောဖြစ်သွားတယ်……….. ဘုရားပေါ်တက်တဲ့ စောင်းတန်းလှေခါးက နဂါးကြီးအမောက်ထောင်ထားတဲ့ လှေခါးမျိုး…….အရမ်းသပ္ပါယ်ပြီးအေးချမ်းတဲ့ဘုရားတစ်ဆူပဲ…..။ ဘုရားဖူး ၊ ဓါတ်ပုံရိုက်ပြီး ရှေ့ဆက်ခရီးထွက်ခဲ့တော့……… ကိုယ့်ကျောင်းနားက ဘုရားကြီးကို နောက်ဆုံးဝင်ခဲ့တယ်…….. ရှေ့မှာရေးခဲ့တဲ့ ဗိသုကာလက်ရာနဲ့ ပုံစံတူမြို့ တောင့်စေတီတွေလို့ နံမည်ကျော်တဲ့ ဘုရား၎ဆူထဲက တစ်ဆူဖြစ်တယ်…….။ ရောင်ခြည်တော်ကွန့်မြူးပြီးကျော်ဇောတယ်လို့ နံမည်ကြီးတယ်……….

ဒီနေ့ ဖူးခဲ့ရတဲ့ ဘုရားတွေထဲမှာ ထူးဆန်းတာတစ်ခုကိုသတိထားမိတယ်…။ ပြည်မြို့ က ဘုရားတွေမှာ နဂါးရုပ်ထုတွေ ဥစ္စာစောင့် အစ်မတော် မြနန်းနွယ် ရုပ်ထုတွေ သူတို့ စီးဖို့ ဒါန်းလေးတွေကိုထားတာတွေ့ရတယ်…..။ ဘုရားတွေလိုက်ဖူးရင်းနဲ့ ဘာတွေးမိလည်းဆိုတော့ သရေခေတ္တရာ မြို့ ဟောင်းမှာ တစ်ချိန်က နဂါးတွေကြီးစိုးခဲ့တာများလားဆိုပြီး တွေးမိတယ်……….။ ဥစ္စာစောင့်တွေပျော်တဲ့ နေရာမို့ ပြည်မြို့ ကို ကိုယ် တာဝန်ကျလာတာလားဆိုပြီး အတွေးတွေနဲ့ အတူ…………




နွေမိုးဆောင်း
 10.1.2012

2011 - နောက်ဆုံးမှတ်တမ်း..............

၂၀၁၁ ဆိုတဲ့ နှစ်တစ်နှစ်ကုန်ဆုံးတော့မယ့်အချိန် မကြာခင်ကျရောက်တော့မယ် …. ၂၀၁၁ အတွက် ဘယ်လိုမှတ်တမ်းမျိုးထားရစ်မလဲ….ထားရစ်ပြီးပြီလဲ ဆိုတဲ့အတွေးလေးနဲ့အတူ ဒီပိုစ့်လေးကို ချမ်းအေးလှတဲ့ ပြည်ဆောင်းညတစ်ညမှာ အခါးရည်တစ်ခွက်ကိုအဖော်ပြုရင်း အစပျိုးခဲ့မိတယ်…………………….
2011 ခုနှစ်မှာ ပြောင်းလဲမှုမျိုးစုံကို မကြုံစဖူး ကြုံခဲ့တဲ့ နှစ်တစ်နှစ်လို့ သတ်မှတ်ရမယ် …. ဒါပေမယ့် ကမ္ဘာကြီးရဲ့  မှတ်တမ်း ၊ တိုင်းပြည်ရဲ့  မှတ်တမ်းဆိုတာကို ကိုယ့်အနေနဲ့မှတ်တမ်းမတင်ရဲပါဘူး ၊ ဒါကြောင့် ကိုယ့်ဘ၀ရဲ့  နှစ်တစ်နှစ်ကိုပဲ မှတ်တမ်းတင်ပါရစေ……ဘယ်လိုပဲဖြစ်စေ ဒါဟာလည်း တစ်ဦးတစ်ယောက်ရဲ့  မှတ်တမ်းပဲမဟုတ်လား…………..

လမ်းအကွေ့တစ်ခုမှာ ဘွားကနဲတွေ့လိုက်ရတဲ့ မြစ်ဧရာဝတီကတော့ ဆက်လက်ရှင်သန် စီးဆင်းနေတာတွေ့ရတယ် ….. ဒါကလည်း ၂၀၁၁ ရဲ့  သမိုင်းဝင်မော်ကွန်းတစ်ခုအနေနှင့် မှတ်တမ်းတင်ရမှာပါ။ကိုယ့်ကိုကိုယ် မြစ်တစ်စင်းကို ချစ်တတ်တဲ့သူလို့ မထင်မိဘဲ အမှုမဲ့ အမှတ်မဲ့နေလာခဲ့တယ်လို့ထင်ခဲ့မိတယ် …ဒါပေမယ့် ပြန်ဆန်းစစ်ကြည့်တော့မှ မုံရွာမှာတုန်းကလည်း ချင်းတွင်းကို မသိသလိုခပ်စိမ်းစိမ်းနဲ့ချစ်ခဲ့ ဂရုစိုက်ခဲ့တာကို ပြန်မှတ်မိလာတယ်……အခုလည်း ဧရာဝတီက ကိုယ့်ကို ချင်းတွင်းလောက် မရင်းနှီး မကျွမ်းဝင်ပေမယ့် ငယ်စဉ်ကတည်းက ကိုယ့်ခန္ဓာကိုယ်ထဲမှာ စီးဆင်းနေတဲ့ သွေးကအမေပေးတဲ့သွေးအပြင် ဧရာဝတီရဲ့  သွေးတွေပါ စီးဆင်းနေတာကို သိလိုက်ရတယ်……….ဒါကြောင့် အံ့သြမိခဲ့တယ်………ဧရာဝတီ………။

၂၀၁၁………..၂၀၁၁………နှစ်တွေများစွာကို နှစ်ပေါင်း ၃၀ကျော် ရင်းနှီးခဲ့ပေမယ့် ဒီ ၂၀၁၁ ကိုမှ ဘာလို့ အမှုမဲ့အမှတ်မဲ့ နေလို့မရတာလည်း …. ၂၀၁၁ မှာ ကိုယ်နဲ့အတူအလုပ်လုပ်တဲ့ လုပ်ဖော်ကိုင်ဖက်တွေ အလုပ်ကရပ်နားကြတယ်… ပြောင်းရွေ့ ကြတယ်…. မိတ်ဆွေအပေါင်းသင်းတွေနဲ့ ကွေကွင်းရတဲ့ခံစားမှုက ရင်ကိုနာကျင်စေတယ်… ဒါပေမယ့် ကိုယ့်ကိုကိုယ်တောင်မပိုင်တဲ့ မမြဲတဲ့လောကကြီးလေ………. ဘယ်တတ်နိုင်မှာလဲ…….တစ်ချို့  ညီမငယ်တွေကလည်း သူတို့ဘ၀ရဲ့  တက်လမ်းတစ်ဆင့်ကို မြှင့်တင်ဖို့ သွားကြတယ်………..ဒီလိုမျိုးလည်း ခွဲခွါတာကိုခံရပေမယ့် ဒါမျိုးကြတော့ ဂုဏ်ယူမိရပြန်တယ်…..
နောင်တောက်ပမဲ့ အနာဂတ်ရဲ့  ကြယ်တစ်စင်း နဂါးငွေ့တန်း တစ်စင်းဖြစ်စေချင်တယ်……ဒါကြောင့် ရဲရဲဝံ့ဝံ့ နဲ့ရှေ့ဆက်လျှောက်လှမ်းဖို့အားပေးတိုက်တွန်းမိတယ်…….

ဘ၀မှာ လူတိုင်းကတစ်ခါတော့ အမှားနဲ့ကြုံဖူးကြမှာပါ……..လူတိုင်းအမှားနဲ့မကင်းတဲ့လောကကြီးမှာ ကိုယ်လိုလူကတော့မှားပြီးရင်းမှားရင်းပေါ့ ………၂၀၁၁ ခုနှစ်ဟာအမှားတွေနဲ့ကြုံ
ရတဲ့နှစ်တစ်နှစ်လည်းဖြစ်တယ်… အမှားကိုအမှားလို့လက်ခံမိပေမယ့် မပြင်နိုင်ဘဲ ရှေ့ဆက်လျှောက်နေမိတဲ့ ကိုယ့်ကိုနားလည်ပေးခဲ့တဲ့ သူငယ်ချင်းကလည်း တဖြည်းဖြည်းနဲ့ စွန့်ခွါသွားတာကို ကြုံရတယ် ………အမှားကိုအမှားမှန်းသိပေမယ့် ရှေ့ဆက်လျှောက်နေတဲ့ ကိုယ့်ကို ဂရုဏာဒေါသောနဲ့ စိတ်ဆိုးပစ်ခွါသွားတဲ့သူငယ်ချင်းကိုလည်း အပြစ်မယူချင်ဘူး ……ဒါကြောင့်  အမှားကိုမက်မက်မောမော ဖက်တွယ်ထားနေတဲ့ ကိုယ့်ကို နားလည်ခွင့်လွှတ်ပေးပါ သူငယ်ချင်းရယ်………..

အခက်အခဲအတိုက်ခိုက်ကိုလူတိုင်းကိုယ်စီ ခံစားကြုံဖူး ရတာပဲ… အဲ့အချိန်တိုင်း လက်တွေခိုင်ခိုင်မြဲမြဲပြီး တွဲကိုင်ထားပြီး မပြိုလဲအောင် မယိုင်လဲအောင် အားပေးကူညီခဲ့တဲ့ သူကော ကြုံဖူးကြရဲ့ လား ….ကိုယ်ကတော့ ဒီ ၂၀၁၁ မှာကြုံဖူးတယ် ….အလုပ်ထဲမှာ ကြုံတွေ့လာတဲ့ အခက်ခဲတွေကို အချင်းချင်းအားပေးကူညီပြီး ဖေးမ ခဲ့တဲ့ သူတွေကို မှတ်တမ်းတင်ထားချင်တယ်… တစ်ယောက်တည်း ရပ်တည်ရတဲ့ ဘ၀မှာ အားငယ်မှု ၊ စိုးရိမ်သောကတွေပြေပျောက်ခဲ့ရတာကိုဘယ်လိုမှမေ့လို့မရလို့ဘဲ…………ဒါကြောင့် ဆက်လက်ချီတက်ကြပါစို့ ဘော်ဒါတို့………

ဒါပေမယ့်လည်းလေ……….. ဘ၀မှာ ဘယ်အရာမှ အဆိုးတစ်ခုတည်းမရှိဘူးနော်…. အဆိုးနဲ့အကောင်းဒွန်တွဲနေတာဆိုတော့ ……တစ်ယောက်တည်း အမြဲတမ်းအားငယ် အထီးကျန်နေတဲ့ကိုယ့်မှာ အကောင်းဆုံး သူငယ်ချင်းတစ်ယောက်ရှိတယ် ……..တာဝန်တွေနဲ့  စိတ်ဖိစီးနေတတ်တဲ့ ကိုယ့်ကိုအမြဲ အားပေးဖေးမ ကူညီပေးခဲ့တယ်.. လိုအပ်တဲ့အချိန် အလိုရှိတဲ့ အချိန်တိုင်း သူငယ်ချင်းကောင်းပီသခဲ့တယ်…..ညီအစ်ကိုမောင်နှမအရင်းအချာမရှိတဲ့ ကိုယ့်အတွက်  အစ်ကိုရင်းတစ်ယောက်ထက် ဂရုစိုက်ခဲ့တာ ခံခဲ့ရလို့ ဒီ ၂၀၁၁ ကပျော်ရွှင်မှု ကျေနပ်မှုတွေနဲ့ ကြုံဆုံခဲ့ရပြန်တယ်…..တစ်ဦးနဲ့တစ်ဦး အပြန်အလှန်အားပေးကူရင်း ကိုယ့်အတွက် တန်ဖိုးမဖြတ်နိုင်ခဲ့ဘူး ။ ဒါကြောင့်……..ကြိုးတကာ့ကြိုးတွေထဲမှာ အခိုင်မြဲဆုံး ကြိုးနဲ့ချည်နှောင်ခံခဲ့ရတဲ့သူငယ်ချင်းကို ကျေးဇူးကမ္ဘာပါလို့……….ဒီနှစ်မှာမော်ကွန်းထိုးပါရစေ……ဘယ်တော့မှ မပြောင်းလဲဘဲ ရှိနေပေးပါသူငယ်ချင်း…………..

အချစ်ကိုလူတွေကအမျိုးမျိုးတင်စားကြတယ်...ခိုင်းနှိုင်းကြတယ် ပန်းသီးနဲ့တစ်မျိုး ကော်ဖီနဲ့တစ်ဖုံ ချော့ကလက် ၊ ပန်းနဲ့ တစ်နည်း မျိုးစုံ ပဲတင်စားတာကို တွေ့ရတယ် …….ကိုယ်ကတော့လေ…… အချစ်ကိုအချစ်နဲ့ပဲတင်စားချင်တယ် …………ဟုတ်တယ် …… အချစ်=အချစ် ပါပဲ……..ကိုယ်ကလည်း သူ့ကိုချစ်တယ်….. သူချစ်တာကိုလည်း ကိုယ်သိတယ်……. ဒါဆိုပြီးပါပြီ….. ကိုယ့်အတွက်လုံလောက်ပါပြီ…… ၂၀၁၁ ခုနှစ်ရဲ့ အချစ်က ကိုယ့်အတွက်တော့ လိုအပ်တာထက်ပိုရခဲ့ပါတယ်……ပျော်ရွှင်ခြင်း ၊ ၀မ်းနည်းခြင်း ၊ ကြေကွဲခြင်း ၊ နာကျင်ခြင်း ၊ ကြည်နူးခြင်း ၊ နှစ်သိမ့်ခြင်း စတာတွေကို လိုအပ်တာထက် မျှော်လင့်ထားတာထက် ပိုပြီးရခဲ့ပါတယ်……ဘယ်အရာတွေကိုပဲရခဲ့ပါစေ ကိုယ့်ချစ်သူကပေးတဲ့ လက်ဆောင်လို့သတ်မှတ်ပြီး ဘ၀ရဲ့  အဆုံးသတ်အချိန်ထိ အမှတ်တရ သိမ်းထားမှာပါ…… ကြုံဆုံခဲ့ရတဲ့ ချစ်ခြင်းတွေနဲ့အတူ ဘ၀တစ်သက်တာမှတ်တမ်းတင်ထားမှာပါ ……….. ကိုယ်ကရယူခြင်းသပ်သပ်တစ်ခုပဲလို့တော့ထင်နေရင်မှားမှာပေါ့……… ကိုယ့်ဘက်ကလည်း ကိုယ့်ချစ်သူကို ထာဝရအတွက် ပေးဆပ်ပြီးသားပေးခဲ့ပြီးသားပါ…….။ ချစ်သူရဲ့ ဘ၀မှာ မဆုံဖူးတဲ့ အရာတွေ ဖြစ်တဲ့ ပျော်ရွှင်ခြင်း ၊ ကြည်နူးခြင်း ၊ စိတ်ညစ်ခြင်း ၊ ကြေကွဲခြင်း တွေနှင့် အတူ ဘ၀ နဲ့ အချစ် ကိုပါ ပေးခဲ့ပြီးပြီမို့ ဒီတစ်သက် အတူမဆုံနိုင်ခဲ့ကြဘူးဆိုရင်တောင်  ကျေနပ်နေမှာပါ ချစ်သူ…… ဒါကြောင့်……… အကွာဝေးတွေဘယ်လောက်ပဲ ဝေးပါစေ……..လူချင်းဘယ်လောက်ပဲဝေးပါစေ……..နှလုံးသားချင်းနီးနေတယ်ဆိုတဲ့ စိတ်လေးတစ်ခုတည်းနဲ့ ကိုယ့်အတွက် ပြည်ံစုံလုံလောက်ပါပြီ……..ချစ်သူ ။
ဆောင်းမှာနှင်းတွေဝေပြီး မိုးမှာရွာသွန်းတဲ့ မိုးရေစက်တွေနဲ့ အတူ ပူပြင်းနဲ့နွေအခါမှာ အစဉ်ထာဝရ အေးချမ်းနေပါစေ………..

၂၀၁၁ ခုနှစ်က ကိုယ့်အတွက် ဘ၀ ဇာတ်ဆ၇ာပေးတဲ့ လက်ဆောင်တစ်နှစ်လို့လည်းတင်စား ပြီးမှတ်တမ်းတင်ချင်သေးတယ်………၂၀၁၁ နှစ်စကတည်းက ချစ်သူခင်သူမြတ်နိုးသူတွေပေးတဲ့ လက်ဆောင်တွေကို ကိုယ့်တစ်သက်မှာ ဒီတစ်နှစ်ဒီတစ်ခါဘဲ ကြုံဆုံဖူးတယ်........ ရရှိခဲ့ဖူးတယ်………… ဒါကြောင့် ……….ဒီနှစ် ၂၀၁၁ နှစ်ဟာ အမှတ်တရတွေထဲက အမှတ်တရ နှစ်တစ်နှစ်ပါပဲ…………..
ကြေကွဲခြင်း ၊ နာကျင်ခြင်း ၊ ပျော်ရွှင်ဝမ်းသာခြင်း တွေကို ခံစားရတာ ရင့်နဲ့မမျှအောင် ခံစားရပေမယ့် ဒီလိုနှစ်မျိုး နောင် နှစ်တိုင်းနှစ်တိုင်း ကြုံဆုံချင်တယ်……..

ဒီ၂၀၁၁ နှစ် ဟာ ……..ကိုယ့်မိသားစု အသိုင်းဝိုင်းမှာလည်း ဘယ်လိုမှမထင်မှတ်ထားတဲ့ အဖြစ်ပျက်တစ်ခု ကို မှတ်တမ်းတင်ထားချင်သေးတယ် ……..ဘယ်လိုမှ ပြန်မတွေ့နိုင်တော့ဘူလို့သတ်မှတ်ထားတဲ့ သား ကို တွေ့ချင်စိတ်ဇွဲရှိရှိနဲ့ ကျန်းမာစွာစောင့်နေတဲ့ အဘွားတစ်ယောက်ရဲ့  ကံကိုလည်း မော်ကွန်းထိုးချင်တယ်……… ဒါကိုတွေ့ ကြုံ ခံစားခဲ့ရတဲ့ ကိုယ့်အဖို့က ဇွဲ ရှိရင် ဘယ်အရာမဆို ကျော်လွှားနိုင်မယ်ဆိုတဲ့ message တစ်ခု ရလိုက်တယ်…….
အဓိက က စိတ် ကအခြေခံပြီး ဇွဲရှိရင် ဘယ်အရာမဆို ကိုယ့်စီ ကို ကိုယ်မျှော်လင့်ထားသလို ရောက်လာမယ်ဆိုတာကို လက်ခံလိုက်ရတယ်……………. ဒါကြောင့် ………ကိုယ့်ကိုကိုယ် ရှေ့ဆက် ပြီးလာမယ့်နှစ်တွေမှာ ပြင်းပြတဲ့ စိတ်ဆန္ဒရယ်……. ဇွဲ ရယ် ………ကိုလက်ကိုင်ထားပြီး ဆက်လက်ချီတက်ရအုံးမယ်…………….



နွေမိုးဆောင်း
 10.1.2012

နိုဝင်ဘာ 30 အလွမ်း........

မိုး .......
နွေနှောင်းလွန်ကုန် ရွာလေမိုးက
သည်းထန်ချိပ်မည်း မိုးပန်းမိုးပေါက်
အစစ်မှန်လား အတုလေလား
ချစ်သူ့နှုတ်ဖျား မြွက်ဟဆိုခဲ့
တွေးတွေးဆဆ ယုံမှားခက်ခဲ့.......။
ခိုးငွေ့ကုန်စင် ဝေးလင့်ဝဿန်
ကြာရှည်မခံ နှုတ်ဆက်ခဲ့ကာ
နှလုံးကြေကွဲ ၀ိညာဉ်လွင့်သည်
အိမ်မက်တိုင်းမှာ မိုး ရွာမည်.........။

နှင်း
မိုးကုန်နှင်းလွန် ဆောင်းတွင်းမြူကျ
ခရီးလွန်ရ ပိန်းပိတ်ဝေနှင်း
နောင့်နှုတ်ဖျားက ပေါက်ဖောက်တဖြုတ်
တုစစ်လုပ်လား ယုံမှယုံမှား...............။
နေထွက်သည်နှင့် ဖြေဖြည့်စိတ်ဖြေ
ဝေးလွင့်မြူနှင်း နှုတ်ဆက်စကား
သည်းအူကြေပြတ် ၀ိညာဉ်ပြေးသည်
အိမ်မက်တိုင်းမှာ နှင်း ဝေမည်...........။

လွမ်း
ဆောင်းကုန်နွေလယ် မိုးဦးအလွန်
လွမ်းရာသီိစုံ ချစ်ရင့်ကျူးသံ
အငုံအဖူး အေက့်မေ့မျှော်ခိုက်
နှလုံးခွေပျောင်း တံ့ချုပ်အသက်
အက်အက်ကွဲကြေ စိတ်တစ္ဆေသည်
အိမ်မက်တိုင်းမှာ လွမ်းနေမည်...........။



နွေမိုးဆောင်း
 10.1.2012

ရေးမိရေးရာ.................

မကြာခင်မှာအိမ်မက်က နိုးထရတော့မယ်..............
ဒီအိမ်မက်က မနိုးထချင်ပေမယ့် အချိန်တန်တော့လည်း အသစ်တဖန် ပြန်စရအုံးမယ် ....
ဘ၀ကိုပါ အသစ်က ပြန်စလို့ရရင် ကောင်းမှာပဲ.........အခုကတော့ ပြန်စရမယ့် ဘ၀အသစ်ရဲ့ 
နှလုံး သားတစ်စုံက ကွဲအက်ကြေမွနေရပြီ.......... အကောင်း ပကတိအတိုင်း ဘယ်ရနိုင်တော့မှာလည်း
ဒီလိုမျိုးတွေ တွေ့ကြုံဆုံရတဲ့ ဘ၀ကြီးကခါးသီးလိုက်တာ...............
ခေါင်တောက်ရယ်လို့ .....တွေးလိုက်မိတိုင်း မျက်ရည် အလိုလိုစီးကျလာတယ် ဒါပေမယ့်  ဒါဟာ ငိုတာမဟုတ်ပါဘူး ...
နှလုံးသားက နာကျင်တဲ့ ဒဏ်ကိုမခံစားနိုင်တဲ့ သက်သေတွေပါ......ကျောင်းတက်တုန်းက ပျော်ရွှင်ခဲ့ရတဲ့ ရက်တွေကို လွမ်းဆွတ်နေမိတယ်.....
ဒါကကော မှားလား......... လုပ်ခဲ့တဲ့ အပြုမူတွေ ကြုံတွေ့ရတဲ့ အဖြစ်ပျက်တွေ ဖြစ်ပေါ်လာတဲ့ အကြောင်းအရာတွေ နာကျင်ခဲ့ရတဲ့
ခံစားချက်တွေဟာ မှားခဲ့တယ်...မှားနေတယ်....မှားနေစဲ ဆိုရင် ငါဟာငါအဖြစ် ဖြစ်တည်လာတာကိုက စမှားတာပေါ့..........
ဒါဆိုရင် ငါဘာဆက်လုပ်ရမလဲ..............
သေချာစဉ်းစားလိုက်မိရင် လုပ်သင့်တာတစ်ခုပဲရှိတယ်...........
ဒါပေမယ့် ငါကြောက်တယ်..........ငါကြောက်နေမိတယ်.............


" 1500 ထက်ပိုပြီး တောအုပ်ကြီးထက်ကြီးသော ချစ်ခြင်း "

နိဂုံးချုပ်တော့မှာလား ?
နှစ်ကုန်ပိုင်းကျရင်..........ဒီလိုလေးပဲနေရတော့မယ်.......... :(



နွေမိုးဆောင်း  
10.1.2012

Sunday, 21 August 2011

poem

ဘယ်နယ်ကလဲတဲ့ .....
အလယ်ကလူ စကားမဝဲပါ
ငါဟာ .....
ခြေတပေါင်ကျိုးကနေတဲ့ ရွှေမင်းသမီး
ဘီးလူးစီးခံထားတဲ့ တိုင်ပြည်လေးကပါ။
ဘေးနားက အနိုင်ကျင့်ချင်တဲ့
ဆွေမျိုးရင်းချာ အကိုကြီးတွေရဲ့
မျက်နှာရိပ် မျက်နှာကဲကြည့်ပြီးနေရတဲ့
မျက်နှာငယ် ရွှေမင်းသမီးလေးပါ။

တိုင်းပြည်ကမငယ်ပေမယ့်
မျက်နှာငယ်ရတဲ့ တိုင်းငယ်ပြည်ငယ်လေးကပါ။

ငါတို့က ဒီလိုမြေ၊ဒီလိုပြည်က လာတာပါ။
ကတ္တရာ လမ်းဆိုရင် ကိုယ်ထူကိုယ်ထ၊
အခွင့်အလမ်းဆိုလည်း ကိုယ်ယူကိုယ်ရနဲ့
ကိုသူရ တွေပေါတဲ့တိုင်းပြည်ပေါ့။

ရေမလာ၊ မီးမလာလည်း
ဘာဂရုစိုက်ရမလဲ
ငွေသာရှိလို့ကတော့
အဝီစိထိ လှိုဏ်ခေါင်းတူးပြီး
အဲကွန်းဖွင့်နေလို့ရတယ်။

ဆေးလိပ်အရက် လူကိုဖျက်ဖျက်
ဝင်ငွေမပျက်
စီးပွါးတက်ဖို့ဆိုတဲ့
အတွေးအခေါ်တွေနဲ့
ဘယ်သူသေသေ
ငတေ မာဖို့သာ အဓိကပါ။

နိုင်ငံရေး၊ပညာရေး
လူမှုရေး
ဘာရေးမှ မရေးကြနဲ့
ဒို့မှာ ဒီ့ထက်အရေးကြီးတဲ့
ရေးသုံးရေးရှိတယ်
ခုထိတော့ ခပ်ရေးရေးပဲ။

သားသမီး မကောင်းတော့
မိဘခေါင်းတဲ့
အမိ၊အဖက မကောင်းတော့
သားသမီး ခမျာ
ဟိုပြောင်းဒီပြောင်းနဲ့
လူလောင်းလှည့် နေကြရပေါ့။

မင်းလိပ်ပြာလုံဖို့ မလိုဘူး
မင်းနေတဲ့ အိမ်ခေါင်မိုးလုံဖို့အရေးကြီးတယ်။
မင်းစိတ်ထားဖြူဖို့ မလိုဘူး
မင်းဝတ်ထားတဲ့ အင်္ကျီဖြူရင် လူရာဝင်ပြီ။
မင်းကိုယ်ချင်းစာဖို့ မလိုဘူး
ကိုယ်ပဲ သာဖို့လိုတာပါ။

အများအကျိုးဆောင်စရာ မလိုဘူး
အကျိုးဆောင်တွေ ပေါလွန်းလို့
သူတောင်းစားတောင် ပွဲစားနဲ့တောင်းသတဲ့။
ပညာတတ်မှ ထမင်းစားရမှာ မဟုတ်ဘူး
ထမင်းဝမှ ပညာသင်လို့ရမှာ
အဖေရယ်......"သားတို့ပညာတတ်ကြီးဖြစ်အောင်
များများ စားပေးပါဦးတဲ့"
နိုင်ငံခြားက သားနဲ့သမီးက မှာတယ်။

ငါတို့မှာ ....
မြစ်ချောင်းအင်းအိုင်တွေပေါတယ်
ရေတော့ရှားတယ်။
တစ်နှစ်သုံး အလုံးတွေတော့ ပေါတယ်
အဝိုင်းတွေတော့ရှားတယ်။
ဆန်ရေစပါး ပေါများတယ်
ထမင်းတော့ နပ်မမှန်ကြဘူး။
သစ်တောတွေတော့ ပေါတယ်
ဒါပေမဲ့ တောသစ်တောင် ဝယ်ရခက်တယ်။
တချို့နေရာတွေမှာ လူချမ်းသာတွေပေါတယ်
စိတ်ချမ်းသာတွေတော့ နည်းတယ်။
ပုတ်သင်ညိုတွေ ပေါတယ်
ဒေါင်းတွေက မျိုးတုန်းနေပြီ။
စွမ်းအားရှင်တွေတော့ပေါတယ်
စွမ်းအင်ကိုတော့ ချွေတာရတယ်။
စစ်သားတွေတော့ ပေါတယ်
အမိမြေအတွက် သားအစစ်တွေတော့ရှားတယ်။
လူကြီးသားသမီးတွေတော့ပေါတယ်
လူကြီးလူကောင်းတွေတော့နည်းတယ်။
လုပ်စရာတွေ တော့ပေါတယ်
အလုပ်တွေတော့ ရှားနေတုန်းပဲ။

နီယွန်မီးတွေနဲ့ မြို့တွေကို အလှချယ်စရာမလိုဘူး
ငါတို့ဟာ ကွမ်းတံတွေးနဲ့ မြို့ကိုအလှရေးတတ်တယ်။
လောင်စာဆီနဲ့ လျှပ်စစ်မီးမလိုဘူး
ငါတို့မှာ ဖယောင်းတိုင်နဲ့ကြက်ဆူပင်ရှိတယ်
ပညာတတ်တွေ မလိုဘူး
ငါတို့မှာ အခါတော်ပေးနဲ့ အကြားအမြင်ဆရာတွေရှိတယ်။
အနောက်တိုင်း အတွေးအခေါ်တွေမလိုဘူး
ငါတို့ဟာ အရာရာ သူများနောက်မှာပဲရှိတယ်။
ဆေးရုံ၊ဆေးခန်းတွေ များများမလိုဘူး
ငါတို့မှာ အချိန်မရွေးဝယ်လို့ရတဲ့ ကွမ်းယာဆိုင် ဆေးပေးခန်းတွေရှိတယ်။
အနုပညာသမား စစ်စစ်တွေမလိုဘူး
ငါတို့မှာ ကော်ပီသီချင်းနဲ့ ခိုးကူးခွေတွေရှိတယ်။
ဘောင်းဘီတွေ ခေတ်မစားတော့လည်း ကိစ္စမရှိဘူး
ငါတို့မှာ ပုဆိုးနဲ့ တိုက်ပုံရှိတယ်။

ဒါပေမဲ့ ငါတို့ဟာ ....
ဗင်းနစ်မြို့နဲ့ အင်းလေးကို မလဲနိုင်သလို
နှစ်ထပ်ဘတ်(စ)ကားနီနီကြီးနဲ့ ဗိုက်ပူချက်ပလက်ကြီးကို မလဲနိုင်ခဲ့ဘူး။
စပါဂတ်တီနဲ့ မုန့်ဟင်းခါးကို မလဲနိုင်သလို
ကာနေဗယ်နဲ့ သင်္ကြန်ကိုမလဲနိုင်ခဲ့ဘူး။
ဟာဝိုင်ယီနဲ့ ငပလီကိုမလဲနိုင်သလို
ဝင်ဘလေကွင်းနဲ့ ငါတို့ကတ္တရာလမ်း ဘောလုံးကွင်းလေးကို မလဲနိုင်ခဲ့ဘူး။
ဥရောပရဲ့ ဖြူဖွေးဖွေး နှင်းဖုံးလမ်းတွေနဲ့ အညာရဲ့ ဖုန်ထူထူ အလှကို မလဲနိုင်သလို
နိုင်းမြစ်ကြီးရဲ့သမိုင်းနဲ့ မြစ်ဧရာဝတီပေါ်က ဘဝတွေကိုမလဲရက်ခဲ့ဘူး။
ကုန်ကုန်ပြောရရင် ......
ငါတို့မြေ၊ငါတို့ပြည်ရဲ့ အရိပ်အငွေ့လေးကိုတောင် ဘာတွေနဲ့မှ မလဲနိုင်ခဲ့ဘူး။

ငါတို့တွေဟာ ဘယ်ကိုပဲရောက်ရောက်
အချိန်တန်အိမ်ပြန်ကြတဲ့ ဆော်လမွန်ငါးတွေလို
မရောက်ရောက်အောင် ပြန်လာကြမှာပါ .....။

အနည်းဆုံးတော့ .....
ဒီမြေမှာ သေဖို့ သက်သက်မွေးဖွားခဲ့သူလို
ပြန်လာကြမှာပါ။

......



နွေမိုးဆောင်း
21.8.2011