ပြည်ရောက်စ ကသွားခဲ့တဲ့ ခရီးစဉ်လေးတစ်ခုကို အမှတ်တရ ဝေမျှရင်း............
ဧည့်သည်ဆရာမတစ်ယောက်ကို ပြည်မြို့ရဲ့  အထင်ကရဘုရားတွေကို လိုက်ပို့တဲ့ ဆရာမတွေနဲ့အတူ ကိုယ်လည်း လိုက်ပါသွားခဲ့ရတယ်…………။ အဓိက ကမှော်ဇာဘက်ရောက်မယ်ဆိုလို့ လိုက်ချင်တာနဲ့လိုက်သွားခဲ့တယ်………………မှော်ဇာဆိုတာ ရှေးဟောင်းနန်းတော်ဟောင်းရှိတယ် ဆိုလို့ အရမ်းရောက်ဖူးချင်ခဲ့တယ်………..စသွားရတဲ့ ဘုရားက ဇာတ်၅၀၀ ဘုရား ဆိုလို့ ဇာတ်တော်၅၀၀ ကိုဘယ်လိုများ ပုံဖော်ထားမလဲဆိုတဲ့အတွေးနဲ့……………..။
ဘုရားကိုရောက်တော့လည်း ဇာတ်တော်ကြီး၅၀၀ကိုရှာနေမိတယ်……. ဒါပေမယ့်….. သိချင်တာကိုမေးကြည့်မယ်လုပ်တော့လည်း ဂေါပကလူကြီးတွေကိုမတွေ့မိဘူး……… အတူလိုက်ပါတဲ့ ကလေးတွေကလည်း သူတို့သိတဲ့ဘုရားကိုသူတို့လိုက်ပို့တာ ဆိုတော့ ဘုရားသမိုင်းကို သူတို့မသိဘူးဖြစ်နေတယ်……………. ဇာတ်၅၀၀ ဘုရားကနေ ဘုရားမာဘုရားကိုရှေ့ဆက် ခရီးဆက်ကြတယ်………။… ပြည်မြို့ဟောင်းရဲ့  မြို့ ထောင့်စေတီတွေအဖြစ် ကြားဖူးတဲ့ ဘုရားကြီး၊ ဘောဘောကြီး၊ ဘုရားမာ စတဲ့ ဘုရားတွေထဲက ဘုရားတစ်ဆူပဲ……..ဘုရားရဲ့ ဗိသုကာလက်ရာကတော့ ဘုရားသုံးဆူပုံစံတူတူပဲ……… ကောင်းမှုတော်ဘုရားလေက် ထုတည်မကြီးပေမယ့်ွှ ကောင်းမှုတော်ဘုရားလိုပုံစံမျိုးတွေပဲ………..ဘုရားရဲ့  လုံးပတ်လည်ကဘာမှ မရှိတော့ဘူး နှစ်ပေါင်းများစွာကြာလာတဲ့ အခါလေဒဏ်မိုးဒဏ်ကိုခံရလို့ အင်္ဂတေ တွေပြုတ်ကွာနေကြပြီ…..။ သရေခေတ္တရာ လက်ထက်ကဘုရားတွေဆိုတော့ ပုဂံခေတ်ကဘုရားတွေထက်ပိုပြီး ရှေးကျမယ်ထင်တယ်…ဒါပေမယ့် ဘုရားတွေရဲ့  ပုံသဏ္ဍာန်က ချောမွေ့မှုမရှိဘဲ ဖြစ်နေတယ်။ ဘုရားမာကနေတစ်ဆင့် မှော်ဇာရွာက ရှေးဟောင်းသုတေသနပြတိုက်ကိုဝင်ခဲ့ကြတယ်…….။ ရှေးဟောင်းသုတေသနပြတိုက်ကို မရောက်ခင်နန်းမြို့ ရိုးဟောင်းတွေကို တွေ့ခဲ့ရတယ်……….ပြန်လည်တူးဖော်ထားတဲ့ မြို့ ရိုးတွေပေါ့………..။ ပြတိုက်ထဲကို လှည့်ပြီးကြည့်တဲ့အခါမျာ ပျူခေတ်အရိုးအိုးတွေ ပျူခေတ်လက်ရာ အိုးခြမ်းကွဲတွေ ဘုရားဆင်တုတွေ ဒင်္ဂါးပြားတွေ လည်ဆွဲပုတီးတွေကို မှန်ခန်းတွေနဲ့ ထည့်ထားပြီး ပြထားတယ်…………. သရေခေတ္တရာနန်းတော်ဟောင်း မြေပုံနှင့်တစ်ကွ ပျူစာတွေကိုတွေ့ရှိခဲ့တယ်…….။
ရှေးဟောင်းသုတေသနပြတိုက်ဆိုတော့ ကိုယ်သိချင်တဲ့ မြို့ ထောင့်စေတီ ၄ ဆူအကြောင်းမေးမိတော့ ပြတိုက်တာဝန်ခံက သူတို့သိတာလည်း၃ဆူပဲဖြစ်ကြောင်း ဘုရားမာ၊ ဘောဘောကြီး၊ ဘုရားကြီး တို့ဖြစ်ကြောင်း တစ်ဆူကတော့ ပျောက်ပျက်နေတာဖြစ်နိုင်ကြောင်း နဲ့ ဖြစ်နိုင်ချေရှိတဲ့ နေရာကိုလည်း မြေပုံထဲမှာ ပြသလိုက်လို့ သိရှိခဲ့ရတယ်…….။ကိုယ်ကြားဖူးတဲ့ ၄ဆူက ဘုရားမာ၊ ဘောဘောကြီး၊ ဘုရားကြီးနဲ့ ဘဲဘဲဘုရားတို့ဆိုပြီးသိတာ ဟုတ်လားလို့မေးတော့ အတိအကျ မသိဘူးဆိုတာပဲသိရတယ်..။
သရေခေတ္တရာမြို့ ဟောင်းရဲ့  ရှေးဟောင်းအမွေအနှစ်ကိုထိန်းသိမ်းထားတဲ့ ပြတိုက်ထဲမှာ ကိုယ်တွေအဖွဲ့  ကလွဲပြီးဘယ်သူမှမရှိဘူး။ ပြတိုက်တာဝန်ခံကလွဲပြီး ဘယ်သူမှမရှိကြဘူး။ ၀င်ကြေးကတော့ လူကြီးတစ်ယောက်ကို ၂၀၀ကျပ်တဲ့ ………. ကြားဖူးတာက နိုင်ငံတကာက ပြတိုက်တွေဆိုရင် ၀င်ကြေးကလည်းအများကြီးပေးပြီးဝင်ရတယ်။ ပြတိုက်လိုနေရာမျိုးဆိုတာကလည်း လူတွေအများကြီးနဲ့ စည်ကားနေတာတဲ့……….. အခုတော့ ကိုယ်ဆီက ပြတိုက်တွေကို မှန်းကြည့်လိုက်ပါ…………. အမြဲတမ်းခြောက်သွေ့ပြီး တိတ်ဆိတ်ငြိမ်သက်နေတယ်……………သာမန်လူတိုင်းလည်းဝင်ကြည့်ရှု့ ပြီးတဲ့အချိန်မှာ ပြန်ဖို့သတိရလိုက်တော့ ပြခန်းထဲမှာ ကျောင်းသူလေးတစ်ယောက်နဲ့ ကိုယ်နဲ့ပဲကျန်ခဲ့တယ်……….ကျောင်းသူလေးကလည်းမပြောရဲလို့ဆိုပြီး စောင့်နေတာတဲ့ အပြင်ကိုရောက်တော့ အားလုံးကားပေါ်ရောက်ကုန်ပြီ………
ပြတိုက်ကနေအထွက်လမ်းဘေးမှာဘုရားတစ်ဆူ တွေ့လို့ဆင်းပြီး ကြည့်တော့ ရဟန္တာဂူဘုရားတဲ့…….ပုဂံဘုရားတွေလို အတွင်းလှိုဏ်ဂူ ရှိပြီးနရံအုတ်ခွက်ဘုရားတွေ နရံဆေးရေးပန်းချီတွေကိုတွေ့  ရတယ်……….. ။ ဒီလိုရှေးကျတဲ့ ဘုရားမျိုးကို တံခါးမပိတ်ဘဲထားတော့ ရှေးဟောင်းအမွေအနှစ်တွေ ပျောက်ပျက်မှာစိုးရိမ်မိတယ်…….။ ပုဂံမြို့ ဟောင်းမှာတော့ ထိန်းသိမ်းတဲ့ အဖွဲ့တွေရှိတယ်..။ ဒါကြောင့် ပြည်မြို့ကရှေးဟောင်းဘုရားတွေကိုလဲ အမြဲထိန်းသိမ်းတဲ့ သူတွေရှိစေချင်တယ်…..။
ဒွတ္တဘောင်မင်းကြီးနန်းတော်ဦးကနေဘုရားဖူးရအောင်ဆိုပြီး တည်ထားတဲ့ နန်းဦးစေတီကိုဆက်သွားကြတယ်………….
အရင်ကျန်ရှိတဲ့ဘုရားကို ပြန်လည်မွမ်းမံထားပြီးပြန်တည်ထားတာလေ…..။ သာယာတဲ့နေရာလေးတစ်နေရာပါပဲ….. ရှေ့မှာလည်း ရေကန်ဟောင်းတစ်ခုကို တွေ့ခဲ့တယ်….။ပျူမြို့ ဟောင်းဆိုပြီး အထင်အရှားမရှိတော့ ဒီနန်းဦးဘုရားပတ်ဝန်းကျင်ကိုပဲ မှန်းပြီး သြော်……….. တစ်ခါက ဒီနေရာမှာ နန်းတော်ဆိုတာရှိခဲ့ပါလားဆိုပြီး မှန်းမျှော်ရင်း…….ခရီးဆက်ခဲ့တယ်…………..။
ဒီတစ်ခါရောက်တာကတော့ ဘောဘောကြီးဘုရားတဲ့ ။ ဘုရားပုံစံကဘုရားမာဘုရားနဲ့ ဗိသုကာလက်ရာတူတယ်.. နောက်ဆုံးဖူးတဲ့ဘုရားကြီးဘုရားအပါအ၀င် ဘုရား၃ဆူက ပုံစံတူဘုရားတွေ အားလုံးထဲမှာမှ ဘောဘောကြီးဘုရားကထုထည်အကြီးဆုံးဘုရားဖြစ်တယ်……….။
ဘောဘောကြီးဘုရားမှာပါလာတဲ့ လက်ဖက်သုပ်နဲ့ရေနွေးကြမ်း၊ အာလူးကြော် ၊ လိမ္မော်သီး ၊ စပျစ်သီးတွေကို စားရင်းအနားယူကာ စကားတွေပြောဖြစ်ကြတယ်……….။ ( ကလေးတွေ ယူလာတာ…………. )
စားသောက်ပြီးတော့ ရှေ့ခရီးဆက်ခဲ့တာက အောင်မြင်ဗာဟုစေတီကိုသွားကြတယ်……….အောင်မြင်ဗာဟုစေတီကို နံမည်ကြားဖူးကတည်းက စိတ်ဝင်စားနေတာ…………သူက တောနည်းနည်းကျတဲ့ နေရာမှာရှိတယ်……… ။ သာယာတဲ့ နေရာနှင့် သိုက်နန်းတွေပျော်တဲ့ နေရာလို့ကြားဖူးတယ်…….. ဘောဘောကြီးကနေသွားရတော့ ခရီးနည်းနည်းရှည်တယ်….. နောက်ပြီးအဲဒီ့ဘုရားက ဓါတ်ပုံရိုက်လို့မရဘူး ရိုက်ရင်လည်းပုံမထင်ဘူးလို့ပြောတယ်……. အဲတာတွေကြောင့် ဒီဘုရားကိုစိတ်ဝင်စားပြီး လိုက်ပါသွားမိတာလေ……. လမ်းခရီးတစ်လျှောက်လုံးမှာ ပန်းခင်းတွေ သီဟိုဠ်ပင်တွေ ၊ ကျွန်းပင်တွေနဲ့ ဘုရားနားနီးလာလေ တောကနည်းနည်ထူလာလေ…….. တောင်ကနည်းနည်းမတ်လာလေ………. နဲ့ ဘုရားကိုရောက်လာကြတယ်…………. ရှေးဟောင်းဘုရားကိုပြန်လည်မွမ်းမံထားလို့ သစ်လွင်ပြီးတောက်ပနေတယ်……. ဓါတ်ပုံ ဗီဒီယိုမရိုက်ရ ဆိုတဲ့ ဆိုင်းဘုတ်တွေကိုနေရာအနှံတွေ့ရတယ်……..။ ဒါနဲ့ပဲ ဘုရားဖူးပြီးတော့ အားလုံးနေရာအသီးသီးမှာ ဓါတ်ပုံတွေခိုးရိုက်ကြတယ်……… စမ်းသပ်ကြတာပေါ့……..တောင်ပေါ်မှာရှိတဲ့ဘုရားမို့ ရှုခင်းကတော်တော်လှတယ်…….. ရှေ့ဆက်တက်ရင်လည်း ဘုရားတွေရှိတယ်ဆိုလို့ ရှေ့ဆက်ပြီး သွားဖူးတာသော့ခတ်ထားလို့ အပြင်ကမှန်းမျှော်ဖူးခဲ့ရတယ်……….။တောင်ပေါ်မှာတည်တဲ့ဘုရားပေမယ့် ရေ မီး အပြည့်အစုံနဲ့ စိမ်းစိုနေတာပဲ………….. ဘုရားတွေဖူးပြီးပြန်မယ်ဆိုတော့ ဘုရားဂေါပကလူကြီးကိုဒီဘုရားကဘာလို့ ဓါတ်ပုံမရိုက်ရတာလဲဆိုပြီး မေးကြည့်တော့ ခရီးဆိုတာ အသွားရှိရင်အပြန်ရှိတယ် ဆိုပြီး ရှင်းပြတယ်…. ဘုရားကို တစ်ကယ်ရိုသေတဲ့ စိတ်နဲ့ ဓါတ်ပုံရိုက်မယ်ဆိုရင် ရိုက်သွားပါတဲ့ အဲလိုပြောလိုက်တာနဲ့ ဓါတ်ပုံရိုက်ထားတဲ့ ဆရာမတွေ ကိုယ်ရိုက်ထားတဲ့ ပုံတွေကို အကုန်ဖျက်တော့တာပဲ………. ။ ကိုယ်ကတော့ နောက်တစ်ခေါက် အောင်မြင်ဗာဟုကို ရောက်ချင်သေးတယ်……….။
နောက်ရောက်ခဲ့တဲ့ ဘုရားက ရွှေလက်ရဘုရားတဲ့ ဘုရားကိုရောက်တာနဲ့ ရင်သပ်ရှုမောဖြစ်သွားတယ်……….. ဘုရားပေါ်တက်တဲ့ စောင်းတန်းလှေခါးက နဂါးကြီးအမောက်ထောင်ထားတဲ့ လှေခါးမျိုး…….အရမ်းသပ္ပါယ်ပြီးအေးချမ်းတဲ့ဘုရားတစ်ဆူပဲ…..။ ဘုရားဖူး ၊ ဓါတ်ပုံရိုက်ပြီး ရှေ့ဆက်ခရီးထွက်ခဲ့တော့……… ကိုယ့်ကျောင်းနားက ဘုရားကြီးကို နောက်ဆုံးဝင်ခဲ့တယ်…….. ရှေ့မှာရေးခဲ့တဲ့ ဗိသုကာလက်ရာနဲ့ ပုံစံတူမြို့ တောင့်စေတီတွေလို့ နံမည်ကျော်တဲ့ ဘုရား၎ဆူထဲက တစ်ဆူဖြစ်တယ်…….။ ရောင်ခြည်တော်ကွန့်မြူးပြီးကျော်ဇောတယ်လို့ နံမည်ကြီးတယ်……….
ဒီနေ့ ဖူးခဲ့ရတဲ့ ဘုရားတွေထဲမှာ ထူးဆန်းတာတစ်ခုကိုသတိထားမိတယ်…။ ပြည်မြို့ က ဘုရားတွေမှာ နဂါးရုပ်ထုတွေ ဥစ္စာစောင့် အစ်မတော် မြနန်းနွယ် ရုပ်ထုတွေ သူတို့ စီးဖို့ ဒါန်းလေးတွေကိုထားတာတွေ့ရတယ်…..။ ဘုရားတွေလိုက်ဖူးရင်းနဲ့ ဘာတွေးမိလည်းဆိုတော့ သရေခေတ္တရာ မြို့ ဟောင်းမှာ တစ်ချိန်က နဂါးတွေကြီးစိုးခဲ့တာများလားဆိုပြီး တွေးမိတယ်……….။ ဥစ္စာစောင့်တွေပျော်တဲ့ နေရာမို့ ပြည်မြို့ ကို ကိုယ် တာဝန်ကျလာတာလားဆိုပြီး အတွေးတွေနဲ့ အတူ…………
နွေမိုးဆောင်း
10.1.2012
Tuesday, 10 January 2012
2011 - နောက်ဆုံးမှတ်တမ်း..............
၂၀၁၁ ဆိုတဲ့ နှစ်တစ်နှစ်ကုန်ဆုံးတော့မယ့်အချိန် မကြာခင်ကျရောက်တော့မယ် …. ၂၀၁၁ အတွက် ဘယ်လိုမှတ်တမ်းမျိုးထားရစ်မလဲ….ထားရစ်ပြီးပြီလဲ ဆိုတဲ့အတွေးလေးနဲ့အတူ ဒီပိုစ့်လေးကို ချမ်းအေးလှတဲ့ ပြည်ဆောင်းညတစ်ညမှာ အခါးရည်တစ်ခွက်ကိုအဖော်ပြုရင်း အစပျိုးခဲ့မိတယ်…………………….
2011 ခုနှစ်မှာ ပြောင်းလဲမှုမျိုးစုံကို မကြုံစဖူး ကြုံခဲ့တဲ့ နှစ်တစ်နှစ်လို့ သတ်မှတ်ရမယ် …. ဒါပေမယ့် ကမ္ဘာကြီးရဲ့  မှတ်တမ်း ၊ တိုင်းပြည်ရဲ့  မှတ်တမ်းဆိုတာကို ကိုယ့်အနေနဲ့မှတ်တမ်းမတင်ရဲပါဘူး ၊ ဒါကြောင့် ကိုယ့်ဘ၀ရဲ့  နှစ်တစ်နှစ်ကိုပဲ မှတ်တမ်းတင်ပါရစေ……ဘယ်လိုပဲဖြစ်စေ ဒါဟာလည်း တစ်ဦးတစ်ယောက်ရဲ့  မှတ်တမ်းပဲမဟုတ်လား…………..
လမ်းအကွေ့တစ်ခုမှာ ဘွားကနဲတွေ့လိုက်ရတဲ့ မြစ်ဧရာဝတီကတော့ ဆက်လက်ရှင်သန် စီးဆင်းနေတာတွေ့ရတယ် ….. ဒါကလည်း ၂၀၁၁ ရဲ့  သမိုင်းဝင်မော်ကွန်းတစ်ခုအနေနှင့် မှတ်တမ်းတင်ရမှာပါ။ကိုယ့်ကိုကိုယ် မြစ်တစ်စင်းကို ချစ်တတ်တဲ့သူလို့ မထင်မိဘဲ အမှုမဲ့ အမှတ်မဲ့နေလာခဲ့တယ်လို့ထင်ခဲ့မိတယ် …ဒါပေမယ့် ပြန်ဆန်းစစ်ကြည့်တော့မှ မုံရွာမှာတုန်းကလည်း ချင်းတွင်းကို မသိသလိုခပ်စိမ်းစိမ်းနဲ့ချစ်ခဲ့ ဂရုစိုက်ခဲ့တာကို ပြန်မှတ်မိလာတယ်……အခုလည်း ဧရာဝတီက ကိုယ့်ကို ချင်းတွင်းလောက် မရင်းနှီး မကျွမ်းဝင်ပေမယ့် ငယ်စဉ်ကတည်းက ကိုယ့်ခန္ဓာကိုယ်ထဲမှာ စီးဆင်းနေတဲ့ သွေးကအမေပေးတဲ့သွေးအပြင် ဧရာဝတီရဲ့  သွေးတွေပါ စီးဆင်းနေတာကို သိလိုက်ရတယ်……….ဒါကြောင့် အံ့သြမိခဲ့တယ်………ဧရာဝတီ………။
၂၀၁၁………..၂၀၁၁………နှစ်တွေများစွာကို နှစ်ပေါင်း ၃၀ကျော် ရင်းနှီးခဲ့ပေမယ့် ဒီ ၂၀၁၁ ကိုမှ ဘာလို့ အမှုမဲ့အမှတ်မဲ့ နေလို့မရတာလည်း …. ၂၀၁၁ မှာ ကိုယ်နဲ့အတူအလုပ်လုပ်တဲ့ လုပ်ဖော်ကိုင်ဖက်တွေ အလုပ်ကရပ်နားကြတယ်… ပြောင်းရွေ့ ကြတယ်…. မိတ်ဆွေအပေါင်းသင်းတွေနဲ့ ကွေကွင်းရတဲ့ခံစားမှုက ရင်ကိုနာကျင်စေတယ်… ဒါပေမယ့် ကိုယ့်ကိုကိုယ်တောင်မပိုင်တဲ့ မမြဲတဲ့လောကကြီးလေ………. ဘယ်တတ်နိုင်မှာလဲ…….တစ်ချို့  ညီမငယ်တွေကလည်း သူတို့ဘ၀ရဲ့  တက်လမ်းတစ်ဆင့်ကို မြှင့်တင်ဖို့ သွားကြတယ်………..ဒီလိုမျိုးလည်း ခွဲခွါတာကိုခံရပေမယ့် ဒါမျိုးကြတော့ ဂုဏ်ယူမိရပြန်တယ်…..
နောင်တောက်ပမဲ့ အနာဂတ်ရဲ့  ကြယ်တစ်စင်း နဂါးငွေ့တန်း တစ်စင်းဖြစ်စေချင်တယ်……ဒါကြောင့် ရဲရဲဝံ့ဝံ့ နဲ့ရှေ့ဆက်လျှောက်လှမ်းဖို့အားပေးတိုက်တွန်းမိတယ်…….
ဘ၀မှာ လူတိုင်းကတစ်ခါတော့ အမှားနဲ့ကြုံဖူးကြမှာပါ……..လူတိုင်းအမှားနဲ့မကင်းတဲ့လောကကြီးမှာ ကိုယ်လိုလူကတော့မှားပြီးရင်းမှားရင်းပေါ့ ………၂၀၁၁ ခုနှစ်ဟာအမှားတွေနဲ့ကြုံ
ရတဲ့နှစ်တစ်နှစ်လည်းဖြစ်တယ်… အမှားကိုအမှားလို့လက်ခံမိပေမယ့် မပြင်နိုင်ဘဲ ရှေ့ဆက်လျှောက်နေမိတဲ့ ကိုယ့်ကိုနားလည်ပေးခဲ့တဲ့ သူငယ်ချင်းကလည်း တဖြည်းဖြည်းနဲ့ စွန့်ခွါသွားတာကို ကြုံရတယ် ………အမှားကိုအမှားမှန်းသိပေမယ့် ရှေ့ဆက်လျှောက်နေတဲ့ ကိုယ့်ကို ဂရုဏာဒေါသောနဲ့ စိတ်ဆိုးပစ်ခွါသွားတဲ့သူငယ်ချင်းကိုလည်း အပြစ်မယူချင်ဘူး ……ဒါကြောင့် အမှားကိုမက်မက်မောမော ဖက်တွယ်ထားနေတဲ့ ကိုယ့်ကို နားလည်ခွင့်လွှတ်ပေးပါ သူငယ်ချင်းရယ်………..
အခက်အခဲအတိုက်ခိုက်ကိုလူတိုင်းကိုယ်စီ ခံစားကြုံဖူး ရတာပဲ… အဲ့အချိန်တိုင်း လက်တွေခိုင်ခိုင်မြဲမြဲပြီး တွဲကိုင်ထားပြီး မပြိုလဲအောင် မယိုင်လဲအောင် အားပေးကူညီခဲ့တဲ့ သူကော ကြုံဖူးကြရဲ့ လား ….ကိုယ်ကတော့ ဒီ ၂၀၁၁ မှာကြုံဖူးတယ် ….အလုပ်ထဲမှာ ကြုံတွေ့လာတဲ့ အခက်ခဲတွေကို အချင်းချင်းအားပေးကူညီပြီး ဖေးမ ခဲ့တဲ့ သူတွေကို မှတ်တမ်းတင်ထားချင်တယ်… တစ်ယောက်တည်း ရပ်တည်ရတဲ့ ဘ၀မှာ အားငယ်မှု ၊ စိုးရိမ်သောကတွေပြေပျောက်ခဲ့ရတာကိုဘယ်လိုမှမေ့လို့မရလို့ဘဲ…………ဒါကြောင့် ဆက်လက်ချီတက်ကြပါစို့ ဘော်ဒါတို့………
ဒါပေမယ့်လည်းလေ……….. ဘ၀မှာ ဘယ်အရာမှ အဆိုးတစ်ခုတည်းမရှိဘူးနော်…. အဆိုးနဲ့အကောင်းဒွန်တွဲနေတာဆိုတော့ ……တစ်ယောက်တည်း အမြဲတမ်းအားငယ် အထီးကျန်နေတဲ့ကိုယ့်မှာ အကောင်းဆုံး သူငယ်ချင်းတစ်ယောက်ရှိတယ် ……..တာဝန်တွေနဲ့ စိတ်ဖိစီးနေတတ်တဲ့ ကိုယ့်ကိုအမြဲ အားပေးဖေးမ ကူညီပေးခဲ့တယ်.. လိုအပ်တဲ့အချိန် အလိုရှိတဲ့ အချိန်တိုင်း သူငယ်ချင်းကောင်းပီသခဲ့တယ်…..ညီအစ်ကိုမောင်နှမအရင်းအချာမရှိတဲ့ ကိုယ့်အတွက် အစ်ကိုရင်းတစ်ယောက်ထက် ဂရုစိုက်ခဲ့တာ ခံခဲ့ရလို့ ဒီ ၂၀၁၁ ကပျော်ရွှင်မှု ကျေနပ်မှုတွေနဲ့ ကြုံဆုံခဲ့ရပြန်တယ်…..တစ်ဦးနဲ့တစ်ဦး အပြန်အလှန်အားပေးကူရင်း ကိုယ့်အတွက် တန်ဖိုးမဖြတ်နိုင်ခဲ့ဘူး ။ ဒါကြောင့်……..ကြိုးတကာ့ကြိုးတွေထဲမှာ အခိုင်မြဲဆုံး ကြိုးနဲ့ချည်နှောင်ခံခဲ့ရတဲ့သူငယ်ချင်းကို ကျေးဇူးကမ္ဘာပါလို့……….ဒီနှစ်မှာမော်ကွန်းထိုးပါရစေ……ဘယ်တော့မှ မပြောင်းလဲဘဲ ရှိနေပေးပါသူငယ်ချင်း…………..
အချစ်ကိုလူတွေကအမျိုးမျိုးတင်စားကြတယ်...ခိုင်းနှိုင်းကြတယ် ပန်းသီးနဲ့တစ်မျိုး ကော်ဖီနဲ့တစ်ဖုံ ချော့ကလက် ၊ ပန်းနဲ့ တစ်နည်း မျိုးစုံ ပဲတင်စားတာကို တွေ့ရတယ် …….ကိုယ်ကတော့လေ…… အချစ်ကိုအချစ်နဲ့ပဲတင်စားချင်တယ် …………ဟုတ်တယ် …… အချစ်=အချစ် ပါပဲ……..ကိုယ်ကလည်း သူ့ကိုချစ်တယ်….. သူချစ်တာကိုလည်း ကိုယ်သိတယ်……. ဒါဆိုပြီးပါပြီ….. ကိုယ့်အတွက်လုံလောက်ပါပြီ…… ၂၀၁၁ ခုနှစ်ရဲ့ အချစ်က ကိုယ့်အတွက်တော့ လိုအပ်တာထက်ပိုရခဲ့ပါတယ်……ပျော်ရွှင်ခြင်း ၊ ၀မ်းနည်းခြင်း ၊ ကြေကွဲခြင်း ၊ နာကျင်ခြင်း ၊ ကြည်နူးခြင်း ၊ နှစ်သိမ့်ခြင်း စတာတွေကို လိုအပ်တာထက် မျှော်လင့်ထားတာထက် ပိုပြီးရခဲ့ပါတယ်……ဘယ်အရာတွေကိုပဲရခဲ့ပါစေ ကိုယ့်ချစ်သူကပေးတဲ့ လက်ဆောင်လို့သတ်မှတ်ပြီး ဘ၀ရဲ့  အဆုံးသတ်အချိန်ထိ အမှတ်တရ သိမ်းထားမှာပါ…… ကြုံဆုံခဲ့ရတဲ့ ချစ်ခြင်းတွေနဲ့အတူ ဘ၀တစ်သက်တာမှတ်တမ်းတင်ထားမှာပါ ……….. ကိုယ်ကရယူခြင်းသပ်သပ်တစ်ခုပဲလို့တော့ထင်နေရင်မှားမှာပေါ့……… ကိုယ့်ဘက်ကလည်း ကိုယ့်ချစ်သူကို ထာဝရအတွက် ပေးဆပ်ပြီးသားပေးခဲ့ပြီးသားပါ…….။ ချစ်သူရဲ့ ဘ၀မှာ မဆုံဖူးတဲ့ အရာတွေ ဖြစ်တဲ့ ပျော်ရွှင်ခြင်း ၊ ကြည်နူးခြင်း ၊ စိတ်ညစ်ခြင်း ၊ ကြေကွဲခြင်း တွေနှင့် အတူ ဘ၀ နဲ့ အချစ် ကိုပါ ပေးခဲ့ပြီးပြီမို့ ဒီတစ်သက် အတူမဆုံနိုင်ခဲ့ကြဘူးဆိုရင်တောင် ကျေနပ်နေမှာပါ ချစ်သူ…… ဒါကြောင့်……… အကွာဝေးတွေဘယ်လောက်ပဲ ဝေးပါစေ……..လူချင်းဘယ်လောက်ပဲဝေးပါစေ……..နှလုံးသားချင်းနီးနေတယ်ဆိုတဲ့ စိတ်လေးတစ်ခုတည်းနဲ့ ကိုယ့်အတွက် ပြည်ံစုံလုံလောက်ပါပြီ……..ချစ်သူ ။
ဆောင်းမှာနှင်းတွေဝေပြီး မိုးမှာရွာသွန်းတဲ့ မိုးရေစက်တွေနဲ့ အတူ ပူပြင်းနဲ့နွေအခါမှာ အစဉ်ထာဝရ အေးချမ်းနေပါစေ………..
၂၀၁၁ ခုနှစ်က ကိုယ့်အတွက် ဘ၀ ဇာတ်ဆ၇ာပေးတဲ့ လက်ဆောင်တစ်နှစ်လို့လည်းတင်စား ပြီးမှတ်တမ်းတင်ချင်သေးတယ်………၂၀၁၁ နှစ်စကတည်းက ချစ်သူခင်သူမြတ်နိုးသူတွေပေးတဲ့ လက်ဆောင်တွေကို ကိုယ့်တစ်သက်မှာ ဒီတစ်နှစ်ဒီတစ်ခါဘဲ ကြုံဆုံဖူးတယ်........ ရရှိခဲ့ဖူးတယ်………… ဒါကြောင့် ……….ဒီနှစ် ၂၀၁၁ နှစ်ဟာ အမှတ်တရတွေထဲက အမှတ်တရ နှစ်တစ်နှစ်ပါပဲ…………..
ကြေကွဲခြင်း ၊ နာကျင်ခြင်း ၊ ပျော်ရွှင်ဝမ်းသာခြင်း တွေကို ခံစားရတာ ရင့်နဲ့မမျှအောင် ခံစားရပေမယ့် ဒီလိုနှစ်မျိုး နောင် နှစ်တိုင်းနှစ်တိုင်း ကြုံဆုံချင်တယ်……..
ဒီ၂၀၁၁ နှစ် ဟာ ……..ကိုယ့်မိသားစု အသိုင်းဝိုင်းမှာလည်း ဘယ်လိုမှမထင်မှတ်ထားတဲ့ အဖြစ်ပျက်တစ်ခု ကို မှတ်တမ်းတင်ထားချင်သေးတယ် ……..ဘယ်လိုမှ ပြန်မတွေ့နိုင်တော့ဘူလို့သတ်မှတ်ထားတဲ့ သား ကို တွေ့ချင်စိတ်ဇွဲရှိရှိနဲ့ ကျန်းမာစွာစောင့်နေတဲ့ အဘွားတစ်ယောက်ရဲ့  ကံကိုလည်း မော်ကွန်းထိုးချင်တယ်……… ဒါကိုတွေ့ ကြုံ ခံစားခဲ့ရတဲ့ ကိုယ့်အဖို့က ဇွဲ ရှိရင် ဘယ်အရာမဆို ကျော်လွှားနိုင်မယ်ဆိုတဲ့ message တစ်ခု ရလိုက်တယ်…….
အဓိက က စိတ် ကအခြေခံပြီး ဇွဲရှိရင် ဘယ်အရာမဆို ကိုယ့်စီ ကို ကိုယ်မျှော်လင့်ထားသလို ရောက်လာမယ်ဆိုတာကို လက်ခံလိုက်ရတယ်……………. ဒါကြောင့် ………ကိုယ့်ကိုကိုယ် ရှေ့ဆက် ပြီးလာမယ့်နှစ်တွေမှာ ပြင်းပြတဲ့ စိတ်ဆန္ဒရယ်……. ဇွဲ ရယ် ………ကိုလက်ကိုင်ထားပြီး ဆက်လက်ချီတက်ရအုံးမယ်…………….

နိုဝင်ဘာ 30 အလွမ်း........
မိုး .......
နွေနှောင်းလွန်ကုန် ရွာလေမိုးက
သည်းထန်ချိပ်မည်း မိုးပန်းမိုးပေါက်
အစစ်မှန်လား အတုလေလား
ချစ်သူ့နှုတ်ဖျား မြွက်ဟဆိုခဲ့
တွေးတွေးဆဆ ယုံမှားခက်ခဲ့.......။
ခိုးငွေ့ကုန်စင် ဝေးလင့်ဝဿန်
ကြာရှည်မခံ နှုတ်ဆက်ခဲ့ကာ
နှလုံးကြေကွဲ ၀ိညာဉ်လွင့်သည်
အိမ်မက်တိုင်းမှာ မိုး ရွာမည်.........။
နှင်း
မိုးကုန်နှင်းလွန် ဆောင်းတွင်းမြူကျ
ခရီးလွန်ရ ပိန်းပိတ်ဝေနှင်း
နောင့်နှုတ်ဖျားက ပေါက်ဖောက်တဖြုတ်
တုစစ်လုပ်လား ယုံမှယုံမှား...............။
နေထွက်သည်နှင့် ဖြေဖြည့်စိတ်ဖြေ
ဝေးလွင့်မြူနှင်း နှုတ်ဆက်စကား
သည်းအူကြေပြတ် ၀ိညာဉ်ပြေးသည်
အိမ်မက်တိုင်းမှာ နှင်း ဝေမည်...........။
လွမ်း
ဆောင်းကုန်နွေလယ် မိုးဦးအလွန်
လွမ်းရာသီိစုံ ချစ်ရင့်ကျူးသံ
အငုံအဖူး အေက့်မေ့မျှော်ခိုက်
နှလုံးခွေပျောင်း တံ့ချုပ်အသက်
အက်အက်ကွဲကြေ စိတ်တစ္ဆေသည်
အိမ်မက်တိုင်းမှာ လွမ်းနေမည်...........။

ရေးမိရေးရာ.................
မကြာခင်မှာအိမ်မက်က နိုးထရတော့မယ်..............
ဒီအိမ်မက်က မနိုးထချင်ပေမယ့် အချိန်တန်တော့လည်း အသစ်တဖန် ပြန်စရအုံးမယ် ....
ဘ၀ကိုပါ အသစ်က ပြန်စလို့ရရင် ကောင်းမှာပဲ.........အခုကတော့ ပြန်စရမယ့် ဘ၀အသစ်ရဲ့ 
နှလုံး သားတစ်စုံက ကွဲအက်ကြေမွနေရပြီ.......... အကောင်း ပကတိအတိုင်း ဘယ်ရနိုင်တော့မှာလည်း
ဒီလိုမျိုးတွေ တွေ့ကြုံဆုံရတဲ့ ဘ၀ကြီးကခါးသီးလိုက်တာ...............
ခေါင်တောက်ရယ်လို့ .....တွေးလိုက်မိတိုင်း မျက်ရည် အလိုလိုစီးကျလာတယ် ဒါပေမယ့် ဒါဟာ ငိုတာမဟုတ်ပါဘူး ...
နှလုံးသားက နာကျင်တဲ့ ဒဏ်ကိုမခံစားနိုင်တဲ့ သက်သေတွေပါ......ကျောင်းတက်တုန်းက ပျော်ရွှင်ခဲ့ရတဲ့ ရက်တွေကို လွမ်းဆွတ်နေမိတယ်.....
ဒါကကော မှားလား......... လုပ်ခဲ့တဲ့ အပြုမူတွေ ကြုံတွေ့ရတဲ့ အဖြစ်ပျက်တွေ ဖြစ်ပေါ်လာတဲ့ အကြောင်းအရာတွေ နာကျင်ခဲ့ရတဲ့
ခံစားချက်တွေဟာ မှားခဲ့တယ်...မှားနေတယ်....မှားနေစဲ ဆိုရင် ငါဟာငါအဖြစ် ဖြစ်တည်လာတာကိုက စမှားတာပေါ့..........
ဒါဆိုရင် ငါဘာဆက်လုပ်ရမလဲ..............
သေချာစဉ်းစားလိုက်မိရင် လုပ်သင့်တာတစ်ခုပဲရှိတယ်...........
ဒါပေမယ့် ငါကြောက်တယ်..........ငါကြောက်နေမိတယ်.............
" 1500 ထက်ပိုပြီး တောအုပ်ကြီးထက်ကြီးသော ချစ်ခြင်း "
နိဂုံးချုပ်တော့မှာလား ?
နှစ်ကုန်ပိုင်းကျရင်..........ဒီလိုလေးပဲနေရတော့မယ်.......... :(

Sunday, 21 August 2011
poem
ဘယ်နယ်ကလဲတဲ့ .....
အလယ်ကလူ စကားမဝဲပါ
ငါဟာ .....
ခြေတပေါင်ကျိုးကနေတဲ့ ရွှေမင်းသမီး
ဘီးလူးစီးခံထားတဲ့ တိုင်ပြည်လေးကပါ။
ဘေးနားက အနိုင်ကျင့်ချင်တဲ့
ဆွေမျိုးရင်းချာ အကိုကြီးတွေရဲ့
မျက်နှာရိပ် မျက်နှာကဲကြည့်ပြီးနေရတဲ့
မျက်နှာငယ် ရွှေမင်းသမီးလေးပါ။
တိုင်းပြည်ကမငယ်ပေမယ့်
မျက်နှာငယ်ရတဲ့ တိုင်းငယ်ပြည်ငယ်လေးကပါ။
ငါတို့က ဒီလိုမြေ၊ဒီလိုပြည်က လာတာပါ။
ကတ္တရာ လမ်းဆိုရင် ကိုယ်ထူကိုယ်ထ၊
အခွင့်အလမ်းဆိုလည်း ကိုယ်ယူကိုယ်ရနဲ့
ကိုသူရ တွေပေါတဲ့တိုင်းပြည်ပေါ့။
ရေမလာ၊ မီးမလာလည်း
ဘာဂရုစိုက်ရမလဲ
ငွေသာရှိလို့ကတော့
အဝီစိထိ လှိုဏ်ခေါင်းတူးပြီး
အဲကွန်းဖွင့်နေလို့ရတယ်။
ဆေးလိပ်အရက် လူကိုဖျက်ဖျက်
ဝင်ငွေမပျက်
စီးပွါးတက်ဖို့ဆိုတဲ့
အတွေးအခေါ်တွေနဲ့
ဘယ်သူသေသေ
ငတေ မာဖို့သာ အဓိကပါ။
နိုင်ငံရေး၊ပညာရေး
လူမှုရေး
ဘာရေးမှ မရေးကြနဲ့
ဒို့မှာ ဒီ့ထက်အရေးကြီးတဲ့
ရေးသုံးရေးရှိတယ်
ခုထိတော့ ခပ်ရေးရေးပဲ။
သားသမီး မကောင်းတော့
မိဘခေါင်းတဲ့
အမိ၊အဖက မကောင်းတော့
သားသမီး ခမျာ
ဟိုပြောင်းဒီပြောင်းနဲ့
လူလောင်းလှည့် နေကြရပေါ့။
မင်းလိပ်ပြာလုံဖို့ မလိုဘူး
မင်းနေတဲ့ အိမ်ခေါင်မိုးလုံဖို့အရေးကြီး တယ်။
မင်းစိတ်ထားဖြူဖို့ မလိုဘူး
မင်းဝတ်ထားတဲ့ အင်္ကျီဖြူရင် လူရာဝင်ပြီ။
မင်းကိုယ်ချင်းစာဖို့ မလိုဘူး
ကိုယ်ပဲ သာဖို့လိုတာပါ။
အများအကျိုးဆောင်စရာ မလိုဘူး
အကျိုးဆောင်တွေ ပေါလွန်းလို့
သူတောင်းစားတောင် ပွဲစားနဲ့တောင်းသတဲ့။
ပညာတတ်မှ ထမင်းစားရမှာ မဟုတ်ဘူး
ထမင်းဝမှ ပညာသင်လို့ရမှာ
အဖေရယ်......"သားတို့ပညာတတ်ကြီး ဖြစ်အောင်
များများ စားပေးပါဦးတဲ့"
နိုင်ငံခြားက သားနဲ့သမီးက မှာတယ်။
ငါတို့မှာ ....
မြစ်ချောင်းအင်းအိုင်တွေပေါတယ်
ရေတော့ရှားတယ်။
တစ်နှစ်သုံး အလုံးတွေတော့ ပေါတယ်
အဝိုင်းတွေတော့ရှားတယ်။
ဆန်ရေစပါး ပေါများတယ်
ထမင်းတော့ နပ်မမှန်ကြဘူး။
သစ်တောတွေတော့ ပေါတယ်
ဒါပေမဲ့ တောသစ်တောင် ဝယ်ရခက်တယ်။
တချို့နေရာတွေမှာ လူချမ်းသာတွေပေါတယ်
စိတ်ချမ်းသာတွေတော့ နည်းတယ်။
ပုတ်သင်ညိုတွေ ပေါတယ်
ဒေါင်းတွေက မျိုးတုန်းနေပြီ။
စွမ်းအားရှင်တွေတော့ပေါတယ်
စွမ်းအင်ကိုတော့ ချွေတာရတယ်။
စစ်သားတွေတော့ ပေါတယ်
အမိမြေအတွက် သားအစစ်တွေတော့ရှားတယ်။
လူကြီးသားသမီးတွေတော့ပေါတယ်
လူကြီးလူကောင်းတွေတော့နည်းတယ်။
လုပ်စရာတွေ တော့ပေါတယ်
အလုပ်တွေတော့ ရှားနေတုန်းပဲ။
နီယွန်မီးတွေနဲ့ မြို့တွေကို အလှချယ်စရာမလိုဘူး
ငါတို့ဟာ ကွမ်းတံတွေးနဲ့ မြို့ကိုအလှရေးတတ်တယ်။
လောင်စာဆီနဲ့ လျှပ်စစ်မီးမလိုဘူး
ငါတို့မှာ ဖယောင်းတိုင်နဲ့ကြက်ဆူပင်ရှိတယ် ။
ပညာတတ်တွေ မလိုဘူး
ငါတို့မှာ အခါတော်ပေးနဲ့ အကြားအမြင်ဆရာတွေရှိတယ်။
အနောက်တိုင်း အတွေးအခေါ်တွေမလိုဘူး
ငါတို့ဟာ အရာရာ သူများနောက်မှာပဲရှိတယ်။
ဆေးရုံ၊ဆေးခန်းတွေ များများမလိုဘူး
ငါတို့မှာ အချိန်မရွေးဝယ်လို့ရတဲ့ ကွမ်းယာဆိုင် ဆေးပေးခန်းတွေရှိတယ်။
အနုပညာသမား စစ်စစ်တွေမလိုဘူး
ငါတို့မှာ ကော်ပီသီချင်းနဲ့ ခိုးကူးခွေတွေရှိတယ်။
ဘောင်းဘီတွေ ခေတ်မစားတော့လည်း ကိစ္စမရှိဘူး
ငါတို့မှာ ပုဆိုးနဲ့ တိုက်ပုံရှိတယ်။
ဒါပေမဲ့ ငါတို့ဟာ ....
ဗင်းနစ်မြို့နဲ့ အင်းလေးကို မလဲနိုင်သလို
နှစ်ထပ်ဘတ်(စ)ကားနီနီကြီးနဲ့ ဗိုက်ပူချက်ပလက်ကြီးကို မလဲနိုင်ခဲ့ဘူး။
စပါဂတ်တီနဲ့ မုန့်ဟင်းခါးကို မလဲနိုင်သလို
ကာနေဗယ်နဲ့ သင်္ကြန်ကိုမလဲနိုင်ခဲ့ဘူး။
ဟာဝိုင်ယီနဲ့ ငပလီကိုမလဲနိုင်သလို
ဝင်ဘလေကွင်းနဲ့ ငါတို့ကတ္တရာလမ်း ဘောလုံးကွင်းလေးကို မလဲနိုင်ခဲ့ဘူး။
ဥရောပရဲ့ ဖြူဖွေးဖွေး နှင်းဖုံးလမ်းတွေနဲ့ အညာရဲ့ ဖုန်ထူထူ အလှကို မလဲနိုင်သလို
နိုင်းမြစ်ကြီးရဲ့သမိုင်းနဲ့ မြစ်ဧရာဝတီပေါ်က ဘဝတွေကိုမလဲရက်ခဲ့ဘူး။
ကုန်ကုန်ပြောရရင် ......
ငါတို့မြေ၊ငါတို့ပြည်ရဲ့ အရိပ်အငွေ့လေးကိုတောင် ဘာတွေနဲ့မှ မလဲနိုင်ခဲ့ဘူး။
ငါတို့တွေဟာ ဘယ်ကိုပဲရောက်ရောက်
အချိန်တန်အိမ်ပြန်ကြတဲ့ ဆော်လမွန်ငါးတွေလို
မရောက်ရောက်အောင် ပြန်လာကြမှာပါ .....။
အနည်းဆုံးတော့ .....
ဒီမြေမှာ သေဖို့ သက်သက်မွေးဖွားခဲ့သူလို
ပြန်လာကြမှာပါ။
......
နွေမိုးဆောင်း
21.8.2011
အလယ်ကလူ စကားမဝဲပါ
ငါဟာ .....
ခြေတပေါင်ကျိုးကနေတဲ့ ရွှေမင်းသမီး
ဘီးလူးစီးခံထားတဲ့ တိုင်ပြည်လေးကပါ။
ဘေးနားက အနိုင်ကျင့်ချင်တဲ့
ဆွေမျိုးရင်းချာ အကိုကြီးတွေရဲ့
မျက်နှာရိပ် မျက်နှာကဲကြည့်ပြီးနေရတဲ့
မျက်နှာငယ် ရွှေမင်းသမီးလေးပါ။
တိုင်းပြည်ကမငယ်ပေမယ့်
မျက်နှာငယ်ရတဲ့ တိုင်းငယ်ပြည်ငယ်လေးကပါ။
ငါတို့က ဒီလိုမြေ၊ဒီလိုပြည်က လာတာပါ။
ကတ္တရာ လမ်းဆိုရင် ကိုယ်ထူကိုယ်ထ၊
အခွင့်အလမ်းဆိုလည်း ကိုယ်ယူကိုယ်ရနဲ့
ကိုသူရ တွေပေါတဲ့တိုင်းပြည်ပေါ့။
ရေမလာ၊ မီးမလာလည်း
ဘာဂရုစိုက်ရမလဲ
ငွေသာရှိလို့ကတော့
အဝီစိထိ လှိုဏ်ခေါင်းတူးပြီး
အဲကွန်းဖွင့်နေလို့ရတယ်။
ဆေးလိပ်အရက် လူကိုဖျက်ဖျက်
ဝင်ငွေမပျက်
စီးပွါးတက်ဖို့ဆိုတဲ့
အတွေးအခေါ်တွေနဲ့
ဘယ်သူသေသေ
ငတေ မာဖို့သာ အဓိကပါ။
နိုင်ငံရေး၊ပညာရေး
လူမှုရေး
ဘာရေးမှ မရေးကြနဲ့
ဒို့မှာ ဒီ့ထက်အရေးကြီးတဲ့
ရေးသုံးရေးရှိတယ်
ခုထိတော့ ခပ်ရေးရေးပဲ။
သားသမီး မကောင်းတော့
မိဘခေါင်းတဲ့
အမိ၊အဖက မကောင်းတော့
သားသမီး ခမျာ
ဟိုပြောင်းဒီပြောင်းနဲ့
လူလောင်းလှည့် နေကြရပေါ့။
မင်းလိပ်ပြာလုံဖို့ မလိုဘူး
မင်းနေတဲ့ အိမ်ခေါင်မိုးလုံဖို့အရေးကြီး
မင်းစိတ်ထားဖြူဖို့ မလိုဘူး
မင်းဝတ်ထားတဲ့ အင်္ကျီဖြူရင် လူရာဝင်ပြီ။
မင်းကိုယ်ချင်းစာဖို့ မလိုဘူး
ကိုယ်ပဲ သာဖို့လိုတာပါ။
အများအကျိုးဆောင်စရာ မလိုဘူး
အကျိုးဆောင်တွေ ပေါလွန်းလို့
သူတောင်းစားတောင် ပွဲစားနဲ့တောင်းသတဲ့။
ပညာတတ်မှ ထမင်းစားရမှာ မဟုတ်ဘူး
ထမင်းဝမှ ပညာသင်လို့ရမှာ
အဖေရယ်......"သားတို့ပညာတတ်ကြီး
များများ စားပေးပါဦးတဲ့"
နိုင်ငံခြားက သားနဲ့သမီးက မှာတယ်။
ငါတို့မှာ ....
မြစ်ချောင်းအင်းအိုင်တွေပေါတယ်
ရေတော့ရှားတယ်။
တစ်နှစ်သုံး အလုံးတွေတော့ ပေါတယ်
အဝိုင်းတွေတော့ရှားတယ်။
ဆန်ရေစပါး ပေါများတယ်
ထမင်းတော့ နပ်မမှန်ကြဘူး။
သစ်တောတွေတော့ ပေါတယ်
ဒါပေမဲ့ တောသစ်တောင် ဝယ်ရခက်တယ်။
တချို့နေရာတွေမှာ လူချမ်းသာတွေပေါတယ်
စိတ်ချမ်းသာတွေတော့ နည်းတယ်။
ပုတ်သင်ညိုတွေ ပေါတယ်
ဒေါင်းတွေက မျိုးတုန်းနေပြီ။
စွမ်းအားရှင်တွေတော့ပေါတယ်
စွမ်းအင်ကိုတော့ ချွေတာရတယ်။
စစ်သားတွေတော့ ပေါတယ်
အမိမြေအတွက် သားအစစ်တွေတော့ရှားတယ်။
လူကြီးသားသမီးတွေတော့ပေါတယ်
လူကြီးလူကောင်းတွေတော့နည်းတယ်။
လုပ်စရာတွေ တော့ပေါတယ်
အလုပ်တွေတော့ ရှားနေတုန်းပဲ။
နီယွန်မီးတွေနဲ့ မြို့တွေကို အလှချယ်စရာမလိုဘူး
ငါတို့ဟာ ကွမ်းတံတွေးနဲ့ မြို့ကိုအလှရေးတတ်တယ်။
လောင်စာဆီနဲ့ လျှပ်စစ်မီးမလိုဘူး
ငါတို့မှာ ဖယောင်းတိုင်နဲ့ကြက်ဆူပင်ရှိတယ်
ပညာတတ်တွေ မလိုဘူး
ငါတို့မှာ အခါတော်ပေးနဲ့ အကြားအမြင်ဆရာတွေရှိတယ်။
အနောက်တိုင်း အတွေးအခေါ်တွေမလိုဘူး
ငါတို့ဟာ အရာရာ သူများနောက်မှာပဲရှိတယ်။
ဆေးရုံ၊ဆေးခန်းတွေ များများမလိုဘူး
ငါတို့မှာ အချိန်မရွေးဝယ်လို့ရတဲ့ ကွမ်းယာဆိုင် ဆေးပေးခန်းတွေရှိတယ်။
အနုပညာသမား စစ်စစ်တွေမလိုဘူး
ငါတို့မှာ ကော်ပီသီချင်းနဲ့ ခိုးကူးခွေတွေရှိတယ်။
ဘောင်းဘီတွေ ခေတ်မစားတော့လည်း ကိစ္စမရှိဘူး
ငါတို့မှာ ပုဆိုးနဲ့ တိုက်ပုံရှိတယ်။
ဒါပေမဲ့ ငါတို့ဟာ ....
ဗင်းနစ်မြို့နဲ့ အင်းလေးကို မလဲနိုင်သလို
နှစ်ထပ်ဘတ်(စ)ကားနီနီကြီးနဲ့ ဗိုက်ပူချက်ပလက်ကြီးကို မလဲနိုင်ခဲ့ဘူး။
စပါဂတ်တီနဲ့ မုန့်ဟင်းခါးကို မလဲနိုင်သလို
ကာနေဗယ်နဲ့ သင်္ကြန်ကိုမလဲနိုင်ခဲ့ဘူး။
ဟာဝိုင်ယီနဲ့ ငပလီကိုမလဲနိုင်သလို
ဝင်ဘလေကွင်းနဲ့ ငါတို့ကတ္တရာလမ်း ဘောလုံးကွင်းလေးကို မလဲနိုင်ခဲ့ဘူး။
ဥရောပရဲ့ ဖြူဖွေးဖွေး နှင်းဖုံးလမ်းတွေနဲ့ အညာရဲ့ ဖုန်ထူထူ အလှကို မလဲနိုင်သလို
နိုင်းမြစ်ကြီးရဲ့သမိုင်းနဲ့ မြစ်ဧရာဝတီပေါ်က ဘဝတွေကိုမလဲရက်ခဲ့ဘူး။
ကုန်ကုန်ပြောရရင် ......
ငါတို့မြေ၊ငါတို့ပြည်ရဲ့ အရိပ်အငွေ့လေးကိုတောင် ဘာတွေနဲ့မှ မလဲနိုင်ခဲ့ဘူး။
ငါတို့တွေဟာ ဘယ်ကိုပဲရောက်ရောက်
အချိန်တန်အိမ်ပြန်ကြတဲ့ ဆော်လမွန်ငါးတွေလို
မရောက်ရောက်အောင် ပြန်လာကြမှာပါ .....။
အနည်းဆုံးတော့ .....
ဒီမြေမှာ သေဖို့ သက်သက်မွေးဖွားခဲ့သူလို
ပြန်လာကြမှာပါ။
......
နွေမိုးဆောင်း
21.8.2011
Tuesday, 26 July 2011
Hacker အကြောင်းသိကောင်းစရာ
၁။ (က) Hacker ဆိုသည်မှာ
Hacker ဆိုသည်မှာ Computer System များ၊ Electronic နည်းပညာရပ်များကို ကျွမ်းကျင် တတ်မြောက်ပြီး၊ ထိုနည်းပညာရပ်များကို အသုံးချကာ Computer Security နှင့်သက်ဆိုင်သော Program များ၊ Application များကို ရေးသားသူသာ ဖြစ်သည်ဟူ၍ Hacker Community မှ ယူဆထားပြီး၊ နည်းပညာရပ်များကို မသမာသော ရည်ရွယ်ချက်များဖြင့် အသုံးချလေ့ရှိသူများကိုမူ Crac...ker ဟူ၍သာ သတ်မှတ်လေ့ရှိသည်။
အကြမ်းအားဖြင့်မူ White Hat Black Hat နှင့် Grey Hat ဟု ခွဲခြားနိုင်သည်။ ထို White Hat Black Hat စသော အသုံးအနှုံးများမှာလည်း ရုပ်ရှင်ဇာတ်ကားများတွင် ဦးထုပ်အဖြူဆောင်းသောသူသည် ဇာတ်လိုက် (လူကောင်း)၊ ဦးထုပ်အနက်ဆောင်းသောသူသည် လူကြမ်း (လူမိုက်) စသည်ကို အကြောင်းပြု၍ကင်ပွန်းတပ်ကြခြင်းသာ ဖြစ်သည်။
White Hat
White Hat များသည် ၄င်းတို့၏ နည်းပညာဆိုင်ရာ ကျွမ်းကျင်မှုများကို မသမာသည့်လုပ်ရပ်များတွင် အသုံးချခြင်း မရှိဘဲ Black Hat များ၏ နှောက်ယှက်ခြင်း ခံရသောသူများအား ကာကွယ် စောင့်ရှောက်လေ့ရှိသူများဟုဆိုနိုင်သည်။
Black Hat
Black Hat များမှာမူ ၄င်းတို့၏ ကျွမ်းကျင်မှုများကို မသမာသော လုပ်ရပ်များဖြစ်သည့် Credit Card Information များ ၊ Bank Information များခိုးယူခြင်း၊ သူတပါး၏ Website များကို ၀င်ရောက် စီးနင်းသိမ်းပိုက်ခြင်း၊ အခကြေးငွေ ရယူပြီး သူတပါး၏ ကိုယ်ရေးကိုယ်တာမှတ်တမ်းများ၊ သတင်းအချက်အလက်များကို ခိုးယူပေးခြင်း စသည့်လုပ်ရပ် များကို လုပ်ဆောင်လေ့ရှိသူများ ဟု အကြမ်းအားဖြင့် သတ်မှတ်နိုင်သည်။
Grey Hat
Grey Hat များမှာမူ White Hat အဖြစ် သော်လည်းကောင်း၊ Black Hat အဖြစ်သော်လည်းကောင်း ရပ်တည်ခြင်းမရှိဘဲ ၄င်းတို့ တတ်ကျွမ်းထားသည့် နည်းပညာကို အလျဉ်းသင့်သလို အသုံးချသူများ ဟူ၍ ဆိုနိုင်သည်။
*********************************************************************
၁။ (ခ) Hacker အဆင့်အတန်းများ
Script Kiddies
Hacker ဖြစ်လိုသော လူငယ်များဖြစ်ပြီး၊ Hacking နှင့် စပ်လျဉ်းသည့် နည်းပညာများကို လေ့လာ သင်ယူခြင်းမရှိဘဲ၊ အခြား Hacker များ ဖန်တီးထားသည့် Tool များကို ရယူအသုံးချလေ့ရှိသူများ ဖြစ်သည်။ Hacking Tool များကို ကျွမ်းကျင်စွာ အသုံးချတတ်သော်လည်း ထို Tool များ မည်သို့ လုပ်ဆောင်သည်ကို မသိရှိ၊ မလေ့လာဘဲ အသုံးချသူများသာဖြစ်သည်။
Intermediate Hacker
Computers Networks Programming နှင့်သက်ဆိုင်သော နည်းပညာရပ်များကို တတ်မြောက် သော်လည်း ၄င်းနည်းပညာရပ်များကို လက်တွေ့ အသုံးချခြင်းမရှိဘဲ အခြားသူများရေးသားထားသည့် Exploits ( Software များ၏ လုံခြုံရေးဆိုင်ရာအားနည်းချက်များကို အသုံးချထိုးနှက်ပြီး Computer System ကို ထိန်းချုပ်ရန် ရည်ရွယ်ချက်ဖြင့် ရေးသားထားသော Code ) များကို အသုံးချပြီး တိုက်ခိုက်မှုများကို လုပ်ဆောင်သူများဖြစ်သည်။
Elite Hacker
နည်းပညာကြွယ်ဝသော Hacker များဖြစ်ပြီး၊ Hacking Tool များ Exploit များကို ကိုယ်တိုင် ရေးသားပြီး အသုံးပြုသူများဖြစ်သည်။ Computer System များအတွင်းသို့ မည်သည့် သဲလွန်စမျှ မကျန်စေဘဲ ၀င်ရောက်နိုင်စွမ်းရှိသူများဖြစ်သည်။
****************************************************************************
၁။ (ဂ) Hacker တစ်ဦးဖြစ်လာရန်
လေ့လာသင်ယူလိုမှုနှင့် တီထွင်ဖန်တီးနိုင်မှုသည် Hacker တစ်ဦးဖြစ်လာရန် အတွက် အခြေခံ အကျဆုံးနှင့် အဓိက အကျဆုံးသော လိုအပ်ချက်များပင်ဖြစ်သည်။
**************************************************
၂။ Password အကြောင်းသိကောင်းစရာ
Computer System များနှင့် Web Based System များ၊ Website များသည် လုံခြုံရေးနှင့် ပုဂ္ဂလိကမှတ်တမ်း များကို ကာကွယ်ရန်အတွက် Password ကို အသုံးပြုလေ့ရှိသည်။ သို့သော်လည်း Hacker များသည် ယင်း Password ဖြင့် ကာကွယ်မှုများကို ကျော်လွှားပြီး မသမာသော လုပ်ရပ်များလုပ်ဆောင်ခြင်း၊ ကျူးကျော်ခြင်းစသည့် လုပ်ရပ်များကို လုပ်ဆောင့်လေ့ရှိကြသည်။ အချို့သော Hacker များသည် Bank Information ဆိုင်ရာ အချက် အလက် များကို ခိုးယူခြင်း၊ ကိုယ်ရေးကိုယ်တာအချက်အလက်များကို ခိုးယူပြီး ခြိမ်းခြောက်ခြင်းစသည့်လုပ်ရပ်များကို လုပ်ဆောင်ရန်အတွက် E Mail Password၊ Computer Password စသည်တို့ကို ပစ်မှတ်ထားကာခိုးယူလေ့ရှိသည်။
ဖော်ပြမည့် Password ဆိုင်ရာ အချက်အလက်များအား Password နှင့်ဆိုင်သော ခြိမ်းခြောက်မှုရန်မှ ကာကွယ်နိုင်စေရန်အတွက်သာ ဖော်ပြထားခြင်း ဖြစ်ပြီး၊ အခြားသောသူများ၏ ကိုယ်ရေးကိုယ်တာ လွတ်လပ်မှုကို ကျူးကျော်ခြိမ်းခြောက်ရန်အတွက် အသုံးမပြူစေလိုပါ။
Password ဖြင့် ကာကွယ်မှုများကို ကျော်လွှားခြင်း
Social Engineering
အခြားသောသူများ၏ Password ကိုရယူရန်အတွက် နည်းလမ်းများစွာရှိသည့်အနက်မှ Social Engineering သည် အဟောင်းနွမ်းဆုံး၊ အရိုးစင်းဆုံးဖြစ်သော်လည်း အသုံးဝင်ဆုံးဖြစ်သည်။ Social Engineering Attack သည် ယုံကြည်မှု၊ သတိကင်းမဲ့မှု၊ လျစ်လျူရှုမှုများစသည့် အားနည်းချက်များကို အသုံးချကာတိုက်ခိုက်ထိုးနှက်ခြင်း ပင် ဖြစ်သည်။
မကြာသေးမီကပင် Twitter Website သည် Social Engineering ကို အသုံးပြု၍ တိုက်ခိုက်ကျူးကျော်ခြင်းကိုခံခဲ့ရသည်။ ထို့ပြင် ထိပ်တန်း Hacker ကြီးဖြစ်သော Kevin Micknick ပင်လျှင် Social Engineering Attack ဖြင့် ထိုးနှက်ခြင်းကို ခံခဲ့ရသည်။
အောက်တွင်ဖော်ပြထားသော Social Engineering Attack ဆိုင်ရာ ဥပမာများမှာ Hacker များ အသုံးပြုလေ့ရှိသည့် အနက်မှ အချို့သာဖြစ်ပြီး၊ ၄င်းတို့သည် ရိုးစင်းလွန်းလှသည်ဟု ယူဆရသော်လည်း ထောင်ပေါင်းများစွာသော သူတို့သည် ဤနည်းများကို အသုံးပြု၍ တိုက်ခိုက်ခြင်းကို ကြုံတွေ့ခဲ့ရပြီး၊ ကြုံတွေ့ရဆဲနှင့်ဆက်လက်ကြုံတွေ့ရ ဦးမည်သာ ဖြစ်သည်။
Shoulder Surfing Attack
Shoulder Surfing Attack ဆိုသည့်အတိုင်းပင် အသုံးပြုသူ ဖြည့်သွင်းလိုက်သော Password ကို ချောင်းမြောင်းကြည့်ရှုပြီး ရယူခြင်းပင်ဖြစ်သည်။ ဤတိုက်ခိုက်မှုကို ကာကွယ်ရန်အတွက် အကောင်းဆုံးနည်းမှာ Password ဖြည့်သွင်းစဉ်တွင် ပတ်ဝန်းကျင်ကိုသတိထားပြီးမှာသာ ဖြည့်သွင်းရန်ဖြစ်ပြီး၊ ထိုသို့ တိုက်ခိုက်ခြင်းခံခဲ့ရပါက အကောင်းဆုံးသော တုံ့ပြန်မှုမှာ ချောင်းမြောင်းကြည့်ရှုသူ၏ မေးရိုးအား ၀ိုက်လက်သီးဖြင့် ပြင်းထန်စွာထိုးနှက်ခြင်းပင်ဖြစ်သည်။
Guessing Attack
များသောအားဖြင့် အသုံးပြုသူများသည် Password ရွေးချယ်ရာတွင် မိမိတို့၏ မွေးသက္ကရာဇ်၊ မှတ်ပုံတင်အမှတ်၊ ရင်သွေးငယ်များ၏အမည်၊ တယ်လီဖုန်းနံပါတ် စသည်တို့ကိုသာ ရွေးချယ်လေ့ရှိသည်။ ဤသည်ကပင် တိုက်ခိုက်ရန်အတွက် အလွယ်ကူဆုံးသော၊ အားနည်းမှုအရှိဆုံး အခြေအနေသို့ ရောက်ရှိအောင် ကိုယ်တိုင်ရွေးချယ်ဖန်တီးခြင်းပင်ဖြစ်သည်။
Dictionary Attack
Dictionary Attack ဆိုသည်မှာ ရွေးချယ်လေ့ရွေးချယ်ထရှိသော Password များပါဝင်သည့် Text File ပါဝင်သည့် Programme တစ်ခုကို အသုံးပြုပြီး၊ Password ကို သိမ်းဆည်းထားသော Database နှင့် ထို Password File တွင်ပါဝင်သော Password များကို တိုက်ဆိုင်စစ်ဆေးကာ Password ကိုရယူခြင်းဖြစ်သည်။ လုံခြုံရေးဆိုင်ရာ ကောင်းမွန်သော Password များကို တိုက်ခိုက်ရန်မှာ မလွယ်ကူလှပေ။
Dictionary Attack အတွက် အသုံးပြုသော Programme ပေါင်းများစွာရှိပြီး၊ အချို့ကိုအခမဲ့ရယူ သုံးစွဲနိုင်သည်။
Brute Force Attacks
Brute Force Attack သည် ဖြစ်နိုင်ချေရှိသော Password ကို Letters များ (abcdefghijklmno……)၊ Number များ (0123…….)၊ Special Characters (@#%*^!”>,, …..) စသည်တို့ကို တွဲဖက်ပြီး ၄င်း Results များကို Password Database နှင့်တိုက်ဆိုင်စစ်ဆေးကာ Password ကို ရယူခြင်းပင်ဖြစ်သည်။
credit to ညအလင်္ကာ
နွေမိုးဆောင်း
26.7.2011

အသက်အန္တရာယ် ကင်းကင်းနဲ့ အရက်လုံးဝပြတ်နည်း
အသက်အန္တရာယ် ကင်းကင်းနဲ့ အရက်လုံးဝပြတ်နည်း (အမျိုးသားကျန်းမာရေး အထူးဆောင်းပါး)
ရောဂါ တစ်ခုခုကြောင့် ဆရာဝန်က ညွှန်ကြားလို့ ဖြစ်စေ၊ မကောင်းဘူးလို့ မိမိကိုယ်တိုင် မြင်လာလို့ ဖြစ်စေ၊ တစ်ဦးတစ်ယောက်က တိုက်တွန်းတောင်းဆိုလို့ ဖြစ်စေ အရက်ကို ဖြတ်ဖို့ ကြိုးစားခြင်းဟာ စနစ်မကျရင် အသက်အန္တရာယ် ရှိပါတယ်။ ဘယ်သူဘယ်ဝါဖြင့် အရက်ဖြတ်လိုက်လို့ ကွယ်လွန်သွားတယ် ဆိုတဲ့ သတင်းတွေ ခဏခဏ ကြားနေရလို့ စနစ်တကျ အရက်ဖြတ်နည်းလေးကို မက်ဖန်ပရိသတ်များသို့ တင်ပြပေးလိုက်ပါတယ်။
အရက်ဖြတ်ရာမှာ နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြီး လိုအပ်တဲ့ ကုသစောင့်ရှောက်မှုတွေနဲ့ အဆင့်ဆင့် စနစ်တကျ ဖြတ်ဖို့ အရမ်းလိုအပ်ပါတယ်။ ဒီလိုမဟုတ်ရင် သေနိုင်လောက်တဲ့ အန္တရာယ်ပါ ရှိတယ်ဆိုတာ စာဖတ်သူများလည်း ကြားဖူး မြင်ဖူးမှာပါ။ အရမ်းကြောက်စရာကောင်းတဲ့ ဆိုးကျိုး ဖြစ်ပါတယ်။ အရက်ဖြတ်ပုံဖြတ်နည်း စနစ်ကျရင် လုံးဝအသက်အန္တရာယ် မရှိပါ။
အရက်ဖြတ်သူဟာ သောက်လာတဲ့ ကာလကလည်းကြာခဲ့ပြီး နေ့တိုင်းသောက်နေကျ ဖြစ်တဲ့ လူမျိုး၊ တစ်နေ့လုံး သောက်နေတဲ့ ပမာဏကလည်း များပြီး အစာလည်း သိပ်မစားတဲ့ လူမျိုးဆိုရင် သေချာပေါက်ကို အန္တရာယ် ရှိပါတယ်။ အကြောင်းအရင်းကတော့ သူဟာ သူ့ရဲ့ စွမ်းအင်ပင်ရင်း (Energy Source) အဖြစ် အရက်ကိုပဲ မှီခိုနေလို့ အရက်ကို တိကနဲ ဖြတ်လိုက်တဲ့ အချိန်မှာ စွမ်းအင်လုံးဝ မရတော့ဘဲ ဆက်အသက်မရှင်နိုင်တော့တာ ဖြစ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ အာရုံကြောပိုင်းဆိုင်ရာ ယိုယွင်းပျက်စီးမှုတွေ ကြောင့်ရောပေါ့။
ဒီလိုမျိုးမဖြစ်ရလေအောင် လုံလောက်တဲ့ အချိန်ယူပြီး မျှဉ်းဖြတ်သွားသင့်ပါတယ်။ ဒါကြောင့် စနစ်တကျအရက်ဖြတ်နည်း နဲ့ ပတ်သက်လို့ ကျွန်တော့်ရဲ့ ဆရာများကို မေးမြန်းထားသမျှတွေ၊ ကျွန်တော် ရှာဖွေစုဆောင်းထား သမျှတွေ ထဲကနေ အရက်ဖြတ်ဖို့ အစီအစဉ် ပြုလုပ်ပုံနဲ့ ဝေဒနာတွေ ပေါ်လာရင် ကုသတဲ့ ဆေးပညာဆိုင်ရာ နည်းလမ်းများကို စီစဉ်ရေးသား ဖော်ပြပေးလိုက်ပါတယ်။
(ဒီလို ဆောင်းပါးကောင်းတစ်ပုဒ်ကို ရေးသားဖြစ်အောင် သူ့မိတ်ဆွေအတွက် စိတ်ပူပန်စွာ မေးမြန်းခဲ့တဲ့ အင်တာနက်ဂျာနယ်က အယ်ဒီတာ ကိုကျော်မျိုးဦး ကိုလည်း ကျေးဇူးတင်ကြောင်း ဖော်ပြလိုပါတယ်)
အဆင့်တစ်။ ။ အရက်ကို အန္တရာယ်ကင်းကင်းနဲ့ တကယ်ဖြတ်ချင်ရင် ပထမဆုံးလုပ်ရမှာက စိတ်ကို နိုင်အောင် ပိုင်းဖြတ်ပြီး ဆုံးဖြတ်ချက်ချဖို့ပါပဲ။ ဒီနေရာမှာ ဒီတိုင်းဆုံးဖြတ်ချက် ချတာထက် အရက်သောက်ခြင်း မသောက်ခြင်းရဲ့ ကောင်းကျိုး ဆိုးကျိုးတွေကို စာရွက်တစ်ရွက် ပေါ်မှာ ချရေးပြီး စဉ်းစားရေတွက် ကြည့်ဖို့ပါပဲ။
(၁) အခုလက်ရှိ အရက်သောက်ခြင်းကနေ ငါရနေတဲ့ ကောင်းကျိုးတွေက ဘာတွေလဲ။ (ဒါဟာ အရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ ဒီကောင်းကျိုးတွေကို တခြားနည်းလမ်း တစ်ခုခုနဲ့ ရအောင်ယူနိုင်ရင် သင်အရက်ပြတ်သွားဖို့ များစွာ အထောက်အကူပြုမှာ ဖြစ်လို့ပါပဲ)
များသောအားဖြင့် လူအများစု တွေးမိလေ့ရှိတဲ့ အဖြေတွေကတော့ အရက်သောက်ခြင်းဟာ စိတ်သောက ပြဿနာတွေကို မေ့စေတယ်၊ သောက်တဲ့အချိန်မှာ ပျော်စရာပဲ၊ ပင်ပန်းတာသက်သာတယ် စသဖြင့် အဖြေတွေ ဖြစ်ပါတယ်။ ဒီကောင်းကျိုးတွေကို တခြားအသိဥာဏ်ပါတဲ့ နည်းလမ်းတွေနဲ့လည်း ရနိုင်တယ်ဆိုတာ ကိုယ့်စိတ်က လက်ခံလာအောင် နှလုံးသွင်းပါ။
(၂) မကောင်းကျိုးတွေကရော ဘာတွေလဲ။ (ဒါကို အဓိက နက်နက်နဲနဲ မှန်မှန်ကန်ကန် တွေးကြည့်ပါ။ လူမှုပေါင်းသင်းဆက်ဆံရေး၊ ကျန်းမာရေး၊ အလုပ်၊ ဘ၀အပေါ် ကျေနပ်မှု၊ စိတ်ညစ်ရမှု စတာတွေအပေါ် ဘယ်လို သက်ရောက်နေသလဲ ဆိုတာ သေချာတွေးပါ။ စာရွက်ပေါ်မှာ ချရေးပါ)
ဥပမာ အဖြေတွေကတော့ လူမှုဆက်ဆံရေးမှာ ထိခိုက်မှုတွေ ရှိနိုင်တယ်(သောက်ဖော်သောက်ဖက် မဟုတ်သူတွေနဲ့၊ မိသားစုနဲ့ စသဖြင့်ပေါ့)၊ ပြဿနာကို ခဏမေ့ထားတာ ဆိုပေမယ့် ပြဿနာကို ဖြေရှင်းဖို့ ကျန်တဲ့ အချိန်ကို လျော့နည်းသွားစေတယ်၊ တစ်ခါတစ်လေ အရက်ကြောင့် ဖြစ်လာတဲ့ နေရာဒေသ အခြေအနေအချိန်အခါ မရွေးဘဲ လုပ်ချင်ရာလုပ် ပြောချင်ရာပြောတတ်တဲ့ အကျင့်ကြောင့် ကိုယ်တိုင်ရော ပတ်သက်သူတွေပါ အရှက်ရတတ်တယ်၊ အရက်အလွန်အကျွံ နေ့စဉ်သောက်သူဟာ တစ်နေ့နေ့မှာ အသည်းခြောက်ပြီး သေဖို့ တော်တော်နီးစပ်တယ် စတဲ့ အဖြေတွေ ဖြစ်လေ့ရှိပါတယ်။
(ဒီဆောင်းပါးဟာ အရက်ဖြတ်ချင်သူတွေ အတွက် ဖြတ်နည်းကိုသာ အဓိက ဖော်ပြပေးချင်တာမို့ အရက်သောက်ရင် ဖြစ်ရတဲ့ အသည်းရောဂါများ အပါအ၀င် ရောဂါအမျိုးမျိုးကိုတော့ ရေတွက်ပြမနေတော့ပါဘူး)
(၃) မသောက်ခြင်းရဲ့ ကောင်းကျိုးတွေက ဘာတွေလဲ။ သေချာတာကတော့ အရက်ဖြတ်ပြီးသွားရင် သင်ရဲ့ ကျန်းမာရေးဟာ ရုပ်ပိုင်းဆိုင်ရာကော စိတ်ပိုင်းဆိုင်ရာပါ တိုးတက်မှုတွေ ရှိလာမှာ ပါပဲ။ ဒါဆို မိသားစုတွင်းရေး အပါအ၀င် လူမှုရေးတွေလဲ ကောင်းလာပါလိမ့်မယ်။ ကာယဥာဏအားနဲ့ အချိန်ဆိုတဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ အရင်းအနှီး နှစ်ခုလည်း ပိုရလာမှာဖြစ်လို့ အလုပ်မှာလည်း အောင်မြင်မှု ပိုရလာမှာ အသေချာပါပဲ။
(၄) မသောက်ခြင်းရဲ့ မကောင်းကျိုးတွေကကော ဘာတွေ ဖြစ်နိုင်မလဲ။
သောကဖိစီးမှုကနေ လတ်တလော ထွက်ပေါက်ရှာ ပြေးရှောင်လို့ မရတော့ဘူးပေါ့။ (မရတော့ကော ဘာဖြစ်လဲ။ ပုန်းရှောင်ခြင်းဟာ အကောင်းဆုံးနည်းလမ်း မဟုတ်မှန်း သင့်အသိဥာဏ်က သိနေတာပဲ)
သောက်ဖော်သောက်ဖက် ဘော်ဒါတွေနဲ့ အကန့်တွေ ပျက်သွားနိုင်တယ်။ (ဒီကိစ္စကတော့ နည်းနည်း စဉ်းစားရမယ်။ တကယ်အရေးပါတဲ့ မကင်းရာမကင်းကြောင်း အထက်လူကြီးတွေ စတဲ့သူတွေနဲ့တော့ မိတ်ပျက်လို့ မဖြစ်ဘူးလေ။ ဒါပေမယ့် သင်ဥာဏ်ရှိရမှာပေါ့။ မသောက်မဖြစ် သောက်ရမယ့် အနေအထားမှာ အနည်းဆုံးပဲ သောက်မယ်၊ နေ့စဉ်စွဲမသောက်ဘူးဆိုရင် အရက်စွဲနေသူ မဖြစ်တော့ဘူးပေါ့။ ဒါဆို အထက်ကဆိုးကျိုးတွေ ဝေးမှာပါ။ အဓိက ကတော့ မိုးလင်းတာနဲ့ အရက်နဲ့ မျက်နှာသစ်ရမှ နေသာထိုင်သာရှိတဲ့ အရက်စွဲနေသူ မဖြစ်ရင် အထက်မှာဖော်ပြခဲ့တဲ့ ဆိုးကျိုးတွေ နည်းနိုင်သမျှ နည်းမှာပါ)
အထက်ပါ အမှတ်စဉ် (၁) (၂) (၃) (၄) မှာ ရေးချခဲ့တဲ့ အချက်တွေကို ကောင်းကျိုး ဆိုးကျိုး အပြန်အလှန် တွက်ချက် သုံးသပ်ပြီး သင်အရက်ဖြတ်ဖို့ တကယ်ထိုက်တန်ကြောင်း ကျေနပ်စွာ ဆုံးဖြတ်ချက်ချပါ။
အဆင့်နှစ်။ ။ အရက်ပြတ်မယ့် အချိန်ကို အတိအကျ ရည်မှန်းပြီး တကယ် စတင် အကောင်အထည်ဖော်ပါ။ သေချာစာရွက်ပေါ်မှာ ချရေးသင့်တဲ့ အချက်တွေ ပါတဲ့ ဖောင်လေးတွေ အရက်ဖြတ်တဲ့ ဆေးရုံဆေးခန်းတွေမှာ သုံးကြပါတယ်။ တကယ်စည်းစနစ်ကျပြီး တကယ်ထိရောက်တဲ့ စာရွက်ကလေး ဖြစ်ပါတယ်။ (မူရင်းစာသားများကိုလည်း ဖော်ပြပေးလိုက်ပါတယ်)
Plan to stop using alcohol
You can complete the highlighted fields on this form online and then print the form for easy reference. Only text that is visible on the form is printed; scrolled text will not print. Any text you enter into these fields will be cleared when you close the form; you cannot save it.
My plan to stop drinking alcohol
1. I will stop drinking any alcohol on:
2. I have written down my reasons for not drinking and placed the list:
3. I have discussed my plan with my family and asked for their support. They will support me by:
4. When offered a drink, I will say:
5. When I am tempted to drink alcohol, I will:
6. I will write in my diary (specify how often):
7. Other things that I plan to do to prevent myself from drinking (such as attending a support group) include:
8. I will evaluate my progress on:
9. I will reward my accomplishments by:
အဲဒီဖောင်လေးကို ဘာသာပြန်ပေးရရင်………
အရက်ဖြတ်ရန် အစီအစဉ်
1. ငါ ဘယ်နေ့၊ ဘယ်လ မှာ အရက်လုံးဝ ပြတ်နေစေရမယ်။ (ဖြစ်နိုင်လောက်တဲ့ ရက်စွဲအကွာအဝေးတစ်ခုကို ချရေးပါ။ မနီးလွန်း မဝေးလွန်းပါစေနဲ့။ တစ်လအတွင်းဆို သင့်တော်ပါတယ်)
2. ငါ့ရဲ့ အရက်ဖြတ်သင့်တဲ့ အကြောင်းအရင်းများ (နံပတ်စဉ်တပ်ပြီး စာရင်းလုပ်ပါ)
3. ငါ့ရဲ့အစီအစဉ်ကို မိသားစုကို ပြောပြပြီး သူတို့ဆီက အကူအညီတောင်းရမယ်။ သူတို့လည်း ကျေနပ်ပျော်ရွှင်စွာနဲ့ ကူညီကြမှာပဲ။ (ကူညီကြမယ့် နည်းလမ်းတွေကို ချရေးပါ)
4. အရက်သောက်ဖို့ လာခေါ်တဲ့သူ၊ တိုက်တဲ့သူ ပေါ်လာရင် ငါပြောမယ့် စကား……………..
5. အရက် ပြန်သောက်ဖို့ ကြိုးစားမိရင် ကိုယ့်ကိုယ်ကိုယ် ပြောမယ့်စကား…………….
6. တစ်နေ့တစ်နေ့ လျှော့သောက်ဖြစ်တဲ့ ပမာဏတွေ၊ မသောက်ဘဲ နေနိုင်တဲ့ အနေအထားတွေကို သေသေချာချာ ဒိုင်ယာရီ ရေးရန်………..
7. သောက်နေကျ အချိန်မှာ မသောက်ဖြစ်အောင် ကိုယ့်ကိုယ်ကို ထိန်းမယ့် အစီအစဉ်တွေ……… (ဥပမာ အရက်ဖြတ်ပေးတဲ့ အဖွဲ့အစည်း ဒါမှမဟုတ် ဆေးရုံမှာပဲ နေမလား စသဖြင့်)
8. ကိုယ့်ရဲ့ တိုးတက်မှုကို ဘယ်လို ပြန်လည်သုံးသပ်မလဲ (ကိုယ့်ကိုယ်ကို သိနိုင်မယ့် နည်းကို ရေးပါ)
9. ဒီကိစ္စအောင်မြင်သွားရင် ငါ့ကိုယ်ငါ ဘယ်လို ဂုဏ်ပြု ဆုချမလဲ…………..
စတဲ့ အချက်တွေကို အရက်ဖြတ်ချင်တဲ့သူကို သေချာ စဉ်းစားပြီး ဖြည့်စွက်စေပါတယ်။ ဒီလို အစီအစဉ် အသေးစိတ် ဆွဲလိုက်တော့ လုပ်ရမယ့် အလုပ်တွေက တိကျပြီး လွယ်ကူနည်းပါးသွား စေပါတယ်။
ပြီးတော့ လျှော့သောက်မယ့် အစီအစဉ်ကို အခုလို အတိအကျ ချမှတ်နိုင်ပါသေးတယ်။
“တစ်နေ့ကို ပမာဏအားဖြင့် ဘယ်လောက်နည်းနည်းစီ လျှော့ချသွားမယ်၊ အကြိမ်အားဖြင့်လည်း ဘယ်လောက်လျှော့ချမယ်၊ တစ်ပတ်မှာ ဘယ်နှရက်ထက် မပိုစေရဘူး………. စသဖြင့်ကနေ တဖြည်းဖြည်း ဆက်လက်ပြီး လျှော့ချသွားနိုင်ရမယ်”
“ဘယ်နှပတ်ကြာရင် ငါဟာ တစ်ပတ်မှာ ဘယ်နှရက်၊ ဘယ်နှပက်ပဲ သောက်တဲ့သူ ဖြစ်စေရမယ်” စသဖြင့် တိတိကျကျ သေသေချာချာ ချမှတ်ရပါမယ်။
• လုပ်ငန်းစတဲ့ အနေနဲ့ သင့်အိမ်နဲ့ ရုံးခန်း စတဲ့ သင်နေနေကျ နေရာတွေမှာ ရှိတဲ့ အရက်တွေ အပါအ၀င် အရက်သောက်ခြင်းနဲ့ ဆိုင်တဲ့ အသုံးအဆောင် ပစ္စည်းတွေကို ဖယ်ရှား ပစ်ပါ။
• သင့်ရဲ့ ရည်မှန်းချက် အစီအစဉ်ကို လူသိရှင်ကြား ကြေငြာပါ။ မိသားစုဝင်တွေ၊ မိတ်ဆွေတွေ၊ လုပ်ဖော်ကိုင်ဖက်တွေ အားလုံးပါပါစေ။ (ဒီအထဲမှာ သင်လေးစားကြောက်ရွံ့ရတဲ့ အထက်လူကြီး စတာတွေ ပါရင် ပိုကောင်းပါတယ်) သင့်ရဲ့ အစီအစဉ်ကို အထောက်အကူ ပြုပေးဖို့ပြောပါ။ သင့်ရှေ့မှာ သူတို့ သောက်မပြဖို့ ဒါမှမဟုတ် သင့်ကို မခေါ်ဖို့ စည်းရုံးပါ။
• သင့်ရဲ့ နည်းနည်းလျှော့ထားတဲ့ ရေချိန်အသစ်ကို သင်ရအောင်ထိန်းပါ။ အရက်သေစာ တည်ခင်းဧည့်ခံတဲ့ ပွဲမျိုးကို တတ်နိုင်သမျှရှောင်တာ ဒါမှမဟုတ် လူမှုရေးအတွက် မဖြစ်မနေ အနည်းဆုံးပဲ သောက်တာမျိုး လုပ်ပါ။
• သင့်အစီအစဉ်ကို ဖျက်တဲ့ စကားတွေကို နားမယောင်ပါနဲ့။ သင့်အတွက် တကယ်ဖြစ်သင့်လို့ လိုအပ်လို့ သေချာတွက်ဆပြီးမှ ရည်ရွယ်ချက်ရှိရှိ သံန္နိဌာန် ချထားတာကို မပျက်ပါစေနဲ့။ ဒီလိုလူတွေနဲ့ ခဏတော့ ဝေးဝေးသာ နေလိုက်ပါ။
• အရင်တုန်းက အရက်ဖြတ်ဖို့ ကြိုးစားခဲ့ဖူးတာ ရှိရင် ဘာလို့မအောင်မြင်ခဲ့သလဲ ဆိုတာ ပြန်တွေးပါ၊ သင်ခန်းစာယူပါ၊ အဲဒီလို ပြန်မကြုံရအောင် ရှောင်ပါ။
ငါတကယ် အရက်ဖြတ်နိုင်ပါ့မလား ???
ဒီလို သံသယ ၀င်လာပြီး ယုံကြည်မှုတွေ မလျော့ပါးပါစေနဲ့။ သင်အရက် လုံးဝပြတ်သွားဖို့ လိုအပ်တဲ့ အချိန်ဟာ သင်ရဲ့ အရက်သောက်သုံးခဲ့ခြင်းရဲ့ များပြားမှု ပြင်းထန်မှု နဲ့ တိုက်ရိုက် အချိုးကျ နေတာမို့ မလောပါနဲ့။ စိတ်ရှည် လက်ရှည် စနစ်တကျ ဖြတ်မှ ရမှာပါ။
အရက်သောက်သုံးမှုကို လျှော့ချရမယ့် စနစ်တကျ အစီအစဉ်လေးများကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။
• သင်နေ့စဉ် လျှော့ချ သောက်သုံးသွားမယ့် ပမာဏကို သင် စ သတ်မှတ်ပါ။ အရက်စဖြတ်မယ် ဆိုတဲ့ လူတစ်ယောက်ဟာ အမျိုးသားဆိုရင် တစ်နေ့ ၂ ကြိမ်၊ အမျိုးသမီးဆိုရင် တစ်နေ့ ၁ ကြိမ်ထက် လုံးဝ ပို မသောက်သင့်ပါဘူး။ ဖြစ်နိုင်ရင် သင့်ရဲ့ ပက်ချိန်ကန့်သတ်ချက်ကို စာရွက် တစ်ရွက်ပေါ်မှာ ရေးထားပြီး ထမင်းစားခန်းတို့ ရေခဲသေတ္တာတို့မှာ သင့်အတွက် မြင်သာထင်သာ နေရာတွေမှာ ကပ်ထားသင့်ပါတယ်။
• ဒိုင်ယာရီဆန်ဆန် မှတ်တမ်းတစ်ခု ထားသင့်ပါတယ်။ ဒီအထဲမှာ သင်ဘယ်နေ့က အရက်စဖြတ်တယ်၊ အဲတုန်းက တစ်နေ့ ဘယ်လောက်သောက်တယ်၊ ဒီနေ့တော့ ဘယ်လောက်ကို လျော့ကျသွားပြီ၊ သောက်တဲ့ အကြိမ်အရေအတွက်ကလဲ အရင်က တစ်ပတ်ကို ဘယ်နှရက်၊ အခုဘယ်နှရက်ပဲ ရှိတော့တယ် ဆိုတာမျိုးတွေ မှတ်သားသင့်ပါတယ်။ ဒါလုပ်ရတာ အလုပ်ရှုပ်တယ် ထင်ရပေမယ့် သင့်ရဲ့ လွယ်ကူစွာ အရက်ပြတ်ရေးမှာ ကြီးစွာသော အထောက်အကူပေးပါတယ်။
• သောက်စရာ ပစ္စည်းတွေကို ခါတိုင်းလို အလွယ်တကူ နေရာတွေမှာ မထားပါနဲ့။ ခဲရာခဲဆစ် အပြင်ထွက်သောက်ရတာမျိုး၊ ၀ယ်သောက်ရတာမျိုး ဖြစ်အောင် အရက် အမြည်း စတာတွေကို အိမ်မှာ အဆင်သင့် သိုမှီးထားတာမျိုး မလုပ်ပါနဲ့။
• သောက်တဲ့ အချိန်မှာ ခါတိုင်းထက် ဖြည်းညင်းစွာ သောက်ပါ။ တစ်ကြိမ်နဲ့ တစ်ကြိမ် အနည်းဆုံး နာရီနဲ့ချီခြားပါ။ ဆိုဒါရောပါ။ ရေရောပါ။ သဘာဝ သစ်သီးရည် ရောနိုင်ရင် သင့်ကျန်းမာရေး အတွက် တော်တော် ကောင်းပါတယ်။ အစာမရှိဘဲ လုံးဝ မသောက်ပါနဲ့။ သောက်ရင် အမြည်းပါပါစေ။ အာဟာရပြည့်အောင် အမြဲစားပေးပါ။
• အနားယူတဲ့ နေ့ထားပါ။ အရင်ဆုံး တစ်ပတ်ကို တစ်ရက် (သို့) နှစ်ရက် လုံးဝ (လုံးဝ) မသောက်တဲ့ရက် သတ်မှတ်ပါ။ (စိတ်ရှည် အချိန်ယူရမယ်ဆိုတာ လုံးဝမမေ့ပါနဲ့) တဖြည်းဖြည်းနဲ့ လေး ငါး ရက်လောက် ရလာပြီဆိုရင် တစ်ပတ်တိတိ ရအောင် နေကြည့်ပါ။ သင့်ရဲ့ အရက်ကို သင့်ရဲ့ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ အင်အားတွေက ဘယ်လောက်တွန်းလှန်နိုင်မလဲ စောင့်ကြည့်ပါ။ တစ်ခါအောင်မြင်သွားပြီ ဆိုတာနဲ့ သင်ဟာ ပိုမို နေသာထိုင်သာ ရှိလာပြီး အရက်လုံးဝပြတ်ဖို့ သေချာသွားပြီ ဖြစ်ပါတယ်။
• ဒီနေရာမှာ အကောင်းဆုံး အကူအညီကို ကျွမ်းကျင်တဲ့ ဆရာဝန်တွေဆီက ရယူဖို့လည်း လိုအပ်လှပါတယ်။ ဆရာဝန်နဲ့ တိုင်ပင်ပါ။ အရက်နာကျတဲ့ ဝေဒနာတွေအတွက် ဆရာဝန်ရဲ့ ကုသမှု မဖြစ်မနေ လိုအပ်လှပါတယ်။ ဒီလို မဟုတ်ရင် သင့်အတွက် အန္တရာယ် ရှိပါတယ်။
အဆင့်သုံး။ ။ဆေးဝါးကုသမှု အကူအညီများ
1. အရက် ပုံမှန်သောက်သူအားလုံးဟာ Vitamin B1 ချို့တဲ့မှု သေချာပေါက် ရှိနေနိုင်တာမို့ အားဆေးတစ်ခုခု မှီဝဲပေးသင့်ပါတယ်။ ဘယ်လိုမှ မတတ်နိုင်ရင်တောင် ဘားပလက်ဆေးပြားလောက်တော့ သောက်ပေးသင့်ပါတယ်။ multivitamin အားဆေးကောင်းကောင်း တစ်ခုခု ပုံမှန်သောက်သင့်ပါတယ်။
2. ရေများများ သောက်ပေးသင့်ပါတယ်။
3. စိတ်ပိုင်းဆိုင်ရာ အားပေးမှု လိုအပ်ပါတယ်။ (ပတ်သက်သူများ၊ မိသားစုဝင်များ စသည်)
4. ဒီအချိန်မှာ အရက်နာကျခြင်းရဲ့ ဆိုးကျိုး (သို့) အရက်ဖြတ်လိုက်တဲ့ နောက်ဆက်တွဲ အနေနဲ့ ဒေါသအရမ်းထွက်ချင်နေခြင်း၊ သောကတွေများနေခြင်း၊ ဂနာမငြိမ်ခြင်း၊ အိပ်မပျော်ခြင်းတွေ ခံစားရနိုင်လို့ ဆေးရုံဆေးခန်းတစ်ခုခုမှာ သွားရောက် ဖြတ်သင့်ပါတယ်။ အရမ်းဆိုးရင် တက်တာတောင် ဖြစ်နိုင်ပါတယ်။ ချွေးတွေပြန်၊ လက်တွေတုန်ပြီး ရင်တုန် ဒေါသထွက်စိတ်ရှုပ်ခြင်းတွေ အတွက် ဆေးကုသမှု (Medical Treatment) မဖြစ်မနေ ယူရမှာ ဖြစ်ပါတယ်။
5. အရက်နာကျတာကို ဆေးအနေနဲ့ ဒိုင်ရာဇီပင် (Diazepam) ၁၀-၂၀ မီလီဂရမ်ကို ဝေဒနာတွေ ပြင်းထန်မှု အပေါ် မူတည်ပြီး တစ်ပတ်လောက် မှီဝဲရမှာ ဖြစ်ပါတယ်။ ဆရာဝန်ဆီမှာ ဆိုရင်တော့ ထိုးပေးပါလိမ့်မယ်။ ဒီဆေးက ဆရာဝန်လက်မှတ်နဲ့ပဲ ၀ယ်ရတဲ့ ဆေးမို့ ဆရာဝန်နဲ့ ပြတာ အကောင်းဆုံးပါပဲ။ ဘေးထွက်ဆိုးကျိုး အနေနဲ့ ကယောင်ကတမ်းတွေ ဖြစ်လာရင် Haloperidol ထိုးပေးဖို့ လိုသလို တခြားလိုအပ်တဲ့ ထောက်ပံ့ကုသမှု (Supportive Treatment) လိုရင်လည်း ဆရာဝန်မှပဲ လုပ်ပေးတတ်မှာပါ။
6. ဒိုင်ရာဇီပင် မရနိုင်လို့ ရှိရင် Chlomethizole သို့မဟုတ် Chorodiazepoxide စတဲ့ဆေးတွေကို အစားထိုးနိုင်ပါတယ်။ Chorodiazepoxide ကို အရက်နာကျ သူတွေမှာ ပေးတဲ့ ပမာဏကတော့ အကြမ်းဖျဉ်း 25-100 mg ၆ နာရီခြား ဖြစ်ပြီး ဆရာဝန်ညွှန်ကြားချက်နဲ့သာ သောက်ပါ။
7. အရက်ဖြတ်တဲ့ဆေးလို့ အရပ်ထဲမှာခေါ်တဲ့ Disulfram ကို တစ်ရက်ကို 125-250 mg ၆လသောက်ရမှာ ဖြစ်ပါတယ်။
အဆင့်အားလုံး စနစ်တကျ လုပ်ရင် အသက်အန္တရာယ် ကင်းကင်းရှင်းရှင်း နဲ့ အရက်ရဲ့ ကျေးကျွန်ဘ၀ကနေ သင်ဟာ သေချာပေါက် လွတ်မြောက်မှာ ဖြစ်ပါတယ်။

Subscribe to:
Posts (Atom)