Tuesday 14 February 2012

ရှေးရှေးတုန်းက မြန်မာများ စာရေးသားရာတွင် ပေရွက်ထန်းရွက်များပေါ်တွင်သာ ရေးခဲ့ကြသည်။ အသုံးပြုသည့် အရွက်များမှာ တော့ဒီထန်း ( Toddy palm ) နှင့် ကော်ရီဖားထန်း ( Corypha palm ) တို့ဖြစ်သည်။ တော့ဒီထန်းကို မြန်မာတို့က “ ထန်း ” ၊ မွန်တို့က “ တာ ” ၊ ပါဠိဘာသာက “ တာလ ” ဟူ၍ ခေါ်ကြ၏။ ကော်ရီဖားထန်းကိုမူ ရှေးမြန်မာတို့က “ ပိယ် ” ဟူ၍၎င်း၊ ယခုမြန်မာတို့က “ပေ” ဟူ၍၎င်း ၊ မွန်တို့က “ ရိုက် ” ဟူ၍၎င်း အသီးသီးခေါ်ကြလေသည်။ ထိုအကြောင်းများကို ပုဂံခေတ်ကျောက်စာများတွင် ဖော်ပြထားသည်။ များသောအားဖြင့် စာရေးသားရာတွင် ပေရွက်များကိုသာ အသုံးပြုကြသည်။
ပေပင်သည် အပူပိုင်းအရပ်ဒေသများတွင်သာ ပေါက်လေ့ရှိသည်။ ထန်းမှာမူကား ရေ၀ပ်ရာနေရာမှလွဲ၍ နေရာအနှံပေါက်တတ်၏။ သို့သော် ပေကဲ့သို့ပင် မိုးခေါင်ရေရှား ရပ်ဝန်းများတွင် အများပြားပေါက်လေသည်။ ပေ၏အသီးမှာ သေးငယ်၏။ ပေပင်သည် ထန်းပင်မှ ထန်းရည်ထွက်သကဲ့သို့ လူတို့ပြုပြင်လျှင် ပေရည်ထွက်သည်။  ပေပင်သည် ထန်းပင်ထက်လုံးပတ်ကြီး၍အရွက်သည်လည်း ထန်းရွက်ထက်ကြီးသည်။ ထိုကိုရည်၍ အထက်အညာဒေသများတွင် အိုးစည်ဝိုင်းသံချပ်ထိုးရာတွင် “ ပေတစ်ပင်လုံးဘုန်းကြီးယပ်တောင် ” ဟု သီဆိုလေ့ရှိကြသည်။ ပေပင်၏အသက်သည် အနှစ် ၆၀ ခန့် အသက်ရှည်ပြီး အရွက်၏ သက်တမ်းသည် နှစ်ပေါင်း ၁၀၀၀ ခန့်ထိ မဆွေးမမြည့်တည်ရှိတတ်သည်။ “ ပေတသီးကျီးတသား ” ဆိုသည့်အတိုင်း ပေသည် အသီးတစ်ကြိမ်သီးပြီးလျှင် သွေ့ခြောက်ကာသေသွားတတ်သည်။


နွေမိုးဆောင်း
15.2.2012
3:10 pm










No comments:

Post a Comment